စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီထပ်မံဖမ်းဆီး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 923

ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင်  ဒေသခံ၃၃ကိုစစ်ကောင်စီတပ်ကထပ်မံဖမ်းဆီးထားကြောင်းသိရသည်။

ဇန်နဝါရီလ ရက်က စစ်တွေမြို့၊ ဆက်ရိုးကျကယ်ဆယ်ရေးရပ်ကွက်၊ ဝေဠုဝန်ကျောင်းအရှေ့ရှိ အောင်ထွန်းသိန်းရွာကို စစ်သား ၁၀၀ ခန့် စစ်ကားများဖြင့် ရောက်ရှိလာကာ ဒေသခံ ၂၂ ဦးကို ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

နေ့လယ်ပိုင်းမှာ ၁၁ ဦးဖမ်းခံရတယ်။  ညနေ ၁၁ နာရီခန့်မှာ တစ်ခါထပ်ဝင်လာပြီး  (၁၁) ဦး ဖမ်းဆီးတယ်။ ရွာကနေ  စုစုပေါင်း (၂၂) ဦး အဖမ်းခံရပါတယ်ဟု ပြောသည်။

နေ့လယ်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားသည့် ဒေသခံ (၁၁) ဦးအား နေအိမ်အတွင်း ဗုံခို ကျင်းတူးထား၍ ဖမ်းဆီးခြင်းဖြစ်ပြီး နောက်ထပ် တူးထားသည့် အိမ်များကို တွေ့ရှိပါကလည်း ထပ်မံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

" မွန်းလွဲပိုင်း ဝင်ဖမ်းတာမှာ ဘေးတွဲမောင်းတဲ့ တစ်ယောက်အပါအဝင် ယောကျ်ား (၁၀) ယောက်နဲ့  ကလေး နှစ်ယောက်အမေ အမျိုးသမီး တစ်ယောက်ပါသွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ ဗုံးတွင်းတူးထားလို့ ဝင်ဖမ်းတာလို့ ပြောပါတယ်။ နောက်ပြီး ထပ်လာအုံးမယ်ဆိုပြီး ပြောခဲ့တယ်"ဟု ပြောသည်။

ယင်းအပြင် ယင်းနေ့ ၁၁ နာရီခန့်တွင် ထပ်မံရောက်ရှိလာပြီး နောက်ထပ်ဒေသခံ (၁၁) ဦးအား ဖမ်းဆီးသွားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

"ညဘက်ကြီး နောက်တခေါက်ထပ်ရောက်လာပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတယ်။  ချို့ကိုတော့ ဘာအကြောင်းပြချက်မှမရှိဘဲကို ဖမ်းသွားတာပါ" ဟု ဆိုသည်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် မိသားစုဝင်များက ရဲစခန်းတွင် သွားရောက်ဖြေရှင်းလျက်ရှိသည်ဟုလည်း ၄င်းက ဆက်ပြောသည်။

ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် ကလည်း မင်းဂံ အကွက် () နှင့် () မှ ဒေသခံ ဦး၊ အကွက် () မှ လူငယ် အမျိုးသား ဦး တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း  မျက်မြင်တစ်ဦးက ပြောသည်။

ယင်းသို့ဖမ်းဆီးစဥ် စစ်ကောင်စီနှင့် ရဲတပ်သားအပြင် လက်ကိုင်တုတ် တချို့အပါအဝင် အင်အား ၇၀ ခန့် ဝင်ရောက်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

"မင်းဂံ အကွက် () က ဝက်သားရောင်းတဲ့ ဦးအောင်ချေသားနဲ့ သူ့သူငယ်ချင်းကို ဖမ်းသွားတာ။  မျက်နှာဖုံးစွပ်ပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်။ နောက် ဆီထမင်းရောင်းတဲ့ အမတစ်ယောက်ရဲ့သား အပါအဝင် အားလုံး ()ယောက်ကို ထပ်ဖမ်းသွားပါတယ်။  ရဲ၊ စစ်သားနဲ့ လက်ကိုင်တုတ်တချို့လည်း ပါပါတယ်။  ဦးအောင်ချေသားနဲ့ သူ့သူငယ်ချင်းကိုတော့ ဧည့်စာရင်းထဲ မပါလို့ရှိဆိုပြီး ဖမ်းသွားတာပါ။ အမှတ် ()ရဲစခန်း မှာ လာရှင်းဖို့ ပြောခဲ့ပါတယ်လို့ဆိုပါတယ်။ ကျန်တဲ့လူတွေကိုတော့ ဘာကြောင့်ဖမ်းလဲ မသိပါဘူး"ဟု ပြောသည်။

စစ်တွေမြို့မှာ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးထားသည့် သမ္ဗန်လှေသမားများ ကိုးရီးယား ဆိပ်ကမ်းတွင် စျေးရောင်းနေသူများအပါအဝင် ဒေသခံ ၆၀ ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။

လက်ရှိဖမ်းဆီးခံထားရသူ ၃၃ ဦး အပါအဝင်  စစ်တွေတွင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၉၀ ကျော်ခန့် ရှိလာပြီဖြစ်သည်။ (NN-7) 

ဆက်စပ် သတင်းများ