တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် သက်ကြီးပိုင်းအမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်တပ်ဖမ်းဆီး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ သက်ကြီးပိုင်းအမျိုးသားနှစ်ဦးအပါအဝင် အမျိုးသား ၄ ဦးကိုစစ်ကောင်စီတပ်က ယနေ့ညနေပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဂုံးချွိန်ကျေးရွာအုပ်စု၊ စေပုတ်ကေကျေးရွာမှ ဦးမောင်ကျော်နု(၈၀)နှစ်ကျော်၊ ဦးငမဲ (၆၂)နှစ်၊ ဦးညီပုချေ(၅၀)ကျော်၊ ဦးကျော်စိုးမိုး(၄၀)နှစ်ကျော်တို့ဖြစ်ကြောင်းသိရသည်။

၄င်းတို့ကို ယနေ့ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၄ နာရီဝန်းကျင်က စေပုတ်ကေကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်က နေအိမ်များကိုသေနတ်များ​ဖြင့်ချိန်ရွယ် ဝိုင်းဝန်းကာ ဖမ်းဆီးသွားခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

" စေပုတ်ရွာထဲကို စစ်တပ်ကအတင်းဝင်လာတယ်။ပြီးတော့ သေနတ်တွေနဲ့အိမ်တွေကိုချိန်ပြီးတော့ သူတို့ကိုဖမ်းသွားပါတယ်" ဟု ဂုံးချွိန်အုပ်စုမှ ဒေသခံတစ်ဦးကပြောသည်။

ဦးကျော်စိုးမိုးနှင့် ဦးညီပုချေကို ၄င်းတို့၏ဖုန်းများဖြင့် ဖုန်း Contacts ထဲရှိသမျှဖုန်းနံပါတ်များကို ခေါ်ဆိုခိုင်းပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

" ဦးကျော်စိုးမိုးနဲ့ ဦညီပုချေတို့ရဲ့ ဖုန်းတွေကိုစစ်သားတွေက ဖုန်းထဲရှိသမျှ ဖုန်းနံပါတ်တွေကို ခေါ်ခိုင်းတယ်လို့သိရတယ်။ အဲဒါပြီးမှဖမ်းသွားတာ။ စစ်သားတွေကအရပ်ဝတ်နဲ့လည်းပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကျေးရွာသား ၄ ဦးကိုစစ်ကောင်စီ၏မည်သည့်တပ်ရင်းကဖမ်းဆီးသွားမှန်း၊ မည်သည့်နေရာသို့ခ ေါ်ဆောင်သွားမှန်းမသိရှိရကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဂုံးချွိန်အရှေ့ဘက်ကျေးရွာမှ ဟင်းသီးဟင်းရွက်ရောင်းချရန် စက်လှေဖြင့် မြို့ပေါ်သို့သွားသည့် ဒေါ်နုခိုင် အသက်(၅၀)ကျော်နှင့် နောက်ထပ်လူငယ်နှစ်ဦးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ရိုက်နှက်နှိပ်စက်ကာ ဒေသတွင်း ရက္ခိုင့်တပ်တော်၏ သတင်းများကိုမေးမြန်းခဲ့ကြောင်းသိရသည်။

၄င်းတို့သုံးဦးမှာလည်း လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ