တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

နောက်ထပ် စစ်ကောင်စီနယ်ခြားစောင့် ၉ ဦး ဘင်္ဂလားဒေ့ရှ်သို့ လက်နက်များအတူ ဝင်ရောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 461

ခိုင်လူလှ (ရိုးမမြီ)/ နိရဉ္စရာ၊ ဧပြီ ၁၄/ ၂၀၂၄

 

တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ စစ်ကောင်စီ နယ်ခြားစောင့် တပ်သား ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ ထွက်ပြေးခိုလှုံလာကြသည်ဟု ဘင်္ဂလာမီဒီယာများတွင် ရေးသားဖော်ပြသည်။

 

၎င်းတို့သည် နတ်မြစ်ကို လှေဖြင့် ဖြတ်ကျော်ပြီး တက်ကနက်မြို့နယ် ခရမ်းခါလီ (ခြံချောင်း)နှင့် ဂျီမောင်ခါလီ နယ်စပ်မှ တနင်္ဂနွေနေ့ အစောပိုင်းတွင် ဝင်ရောက်လာကြသည်ဟု ဆိုသည်။

 

တက်ကနက် အခြေစိုက် အမှတ်(၂) နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး မိုဟူဒိန် အာမတ်က ထိုသို့ ဝင်ရောက်လာသည်ကို အတည်ပြုပြီး ဘာသာစကားအခက်အခဲကြောင်း အသေးစိတ် အချက်အလက်များ ရယူရန် ခက်ခဲနေသည်ဟု ပြောဆိုသည်။

 

၎င်းတို့ ဦးလက်နက်များကို ဖြုတ်သိမ်းပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။



 ဒေသအတွင်း သတင်းများအရ ၎င်းတို့ တပ်သား ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းနယ်ခြားစခန်းကို ဧပြီ ၁၂ ရက်နေ့က အာရက္ခတပ်တော်သိမ်းပိုက်ပြီးနောက် ၎င်းစခန်းကနေ ထွက်ပြေးလာကြသူများဖြစ်ကြသည်ဟု သိရသည်။

 

သူတို့ ဦး မဝင်လာမီ မတ်လ ၁၁ ရက်နေ့ကလည်း နတ်ချောင်းဆရီမြို့နယ်စပ်မှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး ဝင်လာသူ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၉ ဦးရှိနေပြီး လက်ရှိ အချိန်ထိ မြန်မာသို့ ပြန်မပို့နိုင်သေးပေ။

 

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း ဝင်ရောက်လာသည့် နယ်ခြားစောင့် အယောက် ၃၃၀ ( နယ်ခြားစောင့် ၃၀၂ ဦး၊ မိသားစုဝင် ဦး၊ စစ်သား ဦး၊ လ၀က ဝန်ထမ်း ၁၈ ဦး၊ အရပ်သား ဦး ) တို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာဘက်သို့ရေယာဉ်များဖြင့် ပြန်ပိုခဲ့သည်။

 

အလားတူ ယမန်နေ့ ဧပြီ ၁၃ ရက် ၁၀ နာရီခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း နယ်ခြေ() ငခူရစခန်းမှ မိသားစုများအပါအဝင် တပ်သား ၁၀၀ ကျော်သည် လက်နက်များနှင့် အတူ ရေကြောင်း စက်လှေများဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

 

လက်ရှိ မောင်တောမြို့နယ်မြောက်ဘက်ရှိ နယ်ခြားစောင့်တပ်စခန်းအများအပြားကို အာရက္ခတပ်တော်က ထိုးစစ်ဆင် သိမ်းပိုက်နေပြီး များမကြာမီ မောင်တောမြို့ကို သိမ်းပိုက်ရန် အလားအလာရှိနေသည်ဟု ဒေသအတွင်း စစ်ရေးအကဲခတ်များက ပြောဆိုသည်။


ဓာတ်ပုံ- Maung Chit Hree Post

ဆက်စပ် သတင်းများ