စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ ၆ ဦးခန့်သေဆုံး၊ အများအပြား ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၀ / ၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့မဈေးအနီးဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီလေတပ်က ယနေ့ ညနေတွင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆ ဦးခန့် သေဆုံးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ၆ ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်ဒေသခံ မျက်မြင်တစ်ဦးက "လူ ၆ ယောက်လောက် သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်။ အများအပြားလည်း ဒဏ်ရာရရှိကြတယ်"ဟု ဆိုသည်။

ကျောက်တော်မြို့မဈေးနှင့် ကျောက်တော်အ.ထ.က (၂)အနီးသို့ ဂျက်ဖိုက်တာက ဗုံးနှစ်လုံးကြဲချခဲ့သည့်အတွက် ယခုလိုမျိုး ဒေသခံများ သေဆုံးဒဏ်ရာရရှိခြင်းဖြစ်သည်။

လောလောဆယ်တွင် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အမည်နှင့် အသက်အပိုင်းအခြားတို့ကို မသိရှိရသေးသည့်အတွက် နိရဉ္စရာ သတင်းဌာနက ဆက်လက်စုံစမ်းလျက်ရှိသည်။

ရခိုင်ပြည်တွင် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာနှင့် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့တို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ