စနေ၊ အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၄

ကျောက်တော်မြို့ လူနေရပ်ကွက်များကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ သေဆုံးနှင့် ဒဏ်ရာသူများစာရင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မင်းသျှင်စော စုတည်းတင်ပြသည်။

နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူနေအိမ်များအား စစ်ကောင်စီလေတပ်က အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ဂျက်ဖိုက်တာ အမျိုးအစား လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့သဖြင့် ၄ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါသည်။

သေဆုံးခဲ့ရသူများမှာ  ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ ပြိုင်စံရှား အမူန့်ကြိတ်စက်ပိုင်ရှင် ဉီးအေးကျော်( ၄၃)နှစ်၊  ပိုက်သည်ရပ်ကွက်မှ ဉီးကျော်သိန်းလှ (၅၃)နှစ်၊  ရွာမရပ်ကွက်မှ မောင်ထွန်းနိုင် (၄၅)နှစ်နှင့် အပေါက်ဝရွာမှ မသန္တာအေး (၁၈) နှစ်တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ သေဆုံးခဲ့ရသူ ပြိုင်းစံရှားအမှုန့်ကြိတ်စက်ပိုင်ရှင်၏ ဇနီး ဒေါ်ခိုင်ဆန်း (၄၂) ဦးမောင်ခင်လွင်(၅၂) နှစ်၊ မချိုမြတ်မော် (၈)နှစ်၊ ဦးထွန်းလှသိန်း(၃၄) နှစ်၊ ဒေါ်မချေ (၄၇) နှစ်၊  မနန်းသွယ်ခိုင် (၁၃) နှစ်၊  ဦးဦးသန်း (၆၅)၊ ဦးကျော်ဝင်း (၅၅)၊  မနွယ်နွယ်ခိုင် (၂၄)၊  မောင်မောင်ချေ (၃၆)နှစ်၊ ကျော်သူအောင် (၂၆)နှစ်၊  ဒေါ်ရီရီသန်း (၄၆)နှစ်၊ ခိုင်ကျော်လင်း (၆) နှစ်၊  ဒေါ်ဝေဝေတင် (၃၈) နှစ်၊  ဒေါ်မြတ်လဲ့လဲ့ငုံ (၃၅) နှစ်နှင့် မရွှင်အိမ့်သူ (၁၄) နှစ်တို့ဖြစ်ကြသည်။

ဒဏ်ရာရသူများအထဲတွင် ဒဏ်ရာပြင်းသူများလည်း ပါဝင်သည်ဟု သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုင်စံရှားအမူန့်ကြိတ်စက်နှင့် ကျော်ဇာလီ အမူန့်ကြိတ်စက်တို့မှာ လုံးဝပျက်စီးသွားခဲ့ပြီး ပတ်ဝန်းကျင်နေအိမ် ၅ ဆောင်ထက်မနည်း ပျက်စီးမှု အနည်းငယ်စီ ရှိကြောင်း သိရှိရပါသည်။

တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လေတပ် လေယာဉ်အမျိုးအစားမှာ  ဂျက်တိုက်လေယာဉ်ဟု သိရှိရပါသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်၊ တပ်တောင်မြို့ကို စစ်ကောင်စီက ယမန်နေ့ညအချိန် ဒရုန်းဖြင့်ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ