ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် ကျေးရွာသား ၃ သုံးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၁၄/၂၀၂၄

အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျေးရွာ ၃ ရွာမှ ရွာသား သုံးဦးကို ယခုလ ၁၃ ရက်နေ့က သတ်ဖြတ်သွားပြီး ၎င်းအထဲမှ တစ်ဦးကို လည်လှီး သတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရသူများမှာ ကူတို့လေးကျေးရွာမှ ရွှေလှမောင်၊ သပြုချောင်းကျေးရွာမှ ချင်းလေးနှင့် ကံပေါက်ကျေးရွာမှ ဇေယျာလင်း (ခေါ် ) လောက်စလုံးတို့ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကူတို့လေးကျေးရွာမှ ရွှေလှမောင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရွာထဲဝင် ရောက်လာပြီး နေအိမ်မှ ဖမ်းစီးခေါ်ဆောင်သွားကာ သပြုချောင်းနဲ့ ဒယ်ပုတ်ကြား သရက်ပင်စု၌ လည်ပင်းလှီးပြီး သတ်သွားခဲ့သည်ဟု အလောင်တွေ့ရှိသူ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။ 

သပြုချောင်းကျေးရွာမှ ချင်းလေး ကိုလယ်တဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာပြီး ပစ်သတ်သွားခဲ့သည်ဟု ဆိုသည်။

ကံပေါက်ကျေးရွာမှ ဇေယျာ လင်း ခေါ် လောက်စလုံး ကိုတော့ မိသားစုနှင့် အထုပ်အပိုးများကို ကားပေါ်တင်ပြီး စစ်ပြေးရှောင်ရန် ပြုလုပ်နေစဉ်  နေအိမ်တွင် မေ့ကျန်နေခဲ့သည့် ဖုန်းအား သွားယူစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်၍ သတ်ဖြတ်ပစ်ခဲ့သည်ဟု ဒေသခံ သတင်းအရင်းမြစ် တစ်ဦးက ပြောကြာသည်။

ဒေသခံတစ်ဉီးက " စစ်ကောင်စီက တအားရက်စက်တယ်။ AA ကိုတိုက်လို့မနိုင်လို့ အခု ကျေးရွာသား တွေကို ဖမ်းတယ်သတ်တဲ့ အနေအထားက နေ့တိုင်း ဖြစ်လာတယ်။ နောက်ပြီး လေယာဉ်နဲ့ ဗုံးကြဲရင်လည်း ကျေးရွာသားတွေဘဲခံရတယ်။ ရင်အနာဆုံးကတော့တရက်တည်းမှာ ဒေသခံ အရပ်သား ၃ ဦးကို သတ်သွားတာဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရှုံးနှင့် ရင်ဆိုင်နေရပြီးနောက် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ တိုးပွားလာသည်ဟု သိရသည်။

ဆက်စပ် သတင်းများ