- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ နိုဝင်ဘာ
၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တောင်ဘက် ( ၇) မိုင်ကျော်ခန့်
အကွာတွင်တည်ရှိသည့် မင်းတက်တောင်ကျေးရွာမှ
ဒေသခံပြည်သူ ၂ ဦးကို
ရက္ခိုင့်တပ်တော် (
AA) ကို သတင်းပေးပို့သည်ဟုဆိုကာ
ယမန်နေ့ နိုဝင်ဘာ
၆ ရက်က
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ
ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ဦးသိန်းတန်(၄၇) နှစ်နှင့်
ဦးတင်အောင်(၅၀)နှစ်ဝန်းကျင်တို့ ဖြစ်ကြသည်။
သူတို့အထဲမှ ဦးတင်အောင်ကို
ယမန်နေ့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က သူအလုပ် လုပ်ကိုင်နေသည့် နတလကျောင်းမှ
ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ည ၉ နာရီအချိန်ခန့်က
သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သူတို့နှင့်
နီးစပ်သူတစ်ဦးကပြောသည်။
“ဦးတင်အောင်က နတလကျောင်းမှာ
စားဖိုမှူးလုပ်နေတာ။ အဲဒီမှာ ညနေ ၃ နာရီလောက်က သူ့ကို ဖမ်းသွားတယ်။ ပြီးတော့ စစ်သားတွေက
သူ့ကိုပါခေါ်လာပြီးတော့ ည ၉ နာရီလောက်မှာ ဦးသိန်းတန်ကို ဖမ်းခေါ်သွားတာ”ဟုပြောသည်။
ဦးသိန်းတန်ကို ကျောက်ဖြူအခြေစိုက်
စစ်ကောင်စီ ခလရ (၃၄)၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းမှ
စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က အေအေကို သတင်းပေးပို့သည်ဟုဆိုကာ
ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်
လက်ရှိအချိန်တွင် ၎င်းတို့
၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီးထိန်းသိန်းထားသည်ကို မသိရသည့်အပြင်
ရိုက်နှက်စစ်ဆေးမည်ကိုပါ အထူးစိုးရိမ်နေကြသည်ဟု မိသားစုဝင်များက ပြောသည်။
ဦးသိန်းတန်၏
အိမ်ရှင်မဖြစ်သူက “အိမ်မှာ
သားမိ ၂ ယောက်ပဲကျန်တော့တယ်အခု။
ကျမယောကျ်ားကို အမြန်ဆုံး လွတ်ပေးစေချင်ပါတယ်။ ကျမယောကျ်ားက အေအေဝင်ထားတာလည်းမဟုတ်ဘူး။
ဒီလိုမျိုးဆက်စပ်တာလည်းမရှိဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသော
သူတို့ ၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီးထားသည်ကို သိချင်ပြီး တွေ့ခွင့်ရချင်သည်ဟု မိသားစုဝင်များကပြောသည်။
ကျောက်ဖြူတွင်
စစ်ကောင်စီတပ်က ဒေသခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့်အထဲတွင်
အစိုးရဝန်ထမ်းများလည်း ပါဝင်နေသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအထဲမှ
တချို့ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)(ခ) အစရှိသည်တို့ဖြင့်
တရားစွဲဆိုထားကာ တချို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို
မသိရဘဲ မိသားစုနှင့်လည်းတွေ့ခွင့်မရဖြ
ရခိုင်တွင်
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တကျော့ပြန် တိုက်ပွဲပြန်လည် ပြင်း