- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/၂၀၂၂
ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေကောက်ခံပေးသည်ဟု စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသူ ဦးလေမောင်သိန်း( တရားရုံးတွင်အမည်လှမောင်သိန်း) ကို ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်တွေအမှတ် (၁) ရဲစခန်းမှ ထောင်အချုပ်သို့ ရွှေ့ပြောင်းလိုက်ပြီဟု သတင်းရရှိသည်။
စစ်တွေမြို့နယ်တရားရုံးတွင် ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ယခုလ ၁၆ ရက်နေ့က တရားလို စစ်ကောင်စီအရာရှိ ရုံးချိန်းတက်ရောက်လာခဲ့ပြီး နောက် ၄ ရက်အကြာတွင် ထောင်အချုပ်သို့ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ဇနီးဖြစ်သူက ပြောသည်။
“ ကျွန်မယောကျ်ားကို ၅ ကြိမ်မြောက်ရုံးထုတ်တဲ့နေ့ မှာ ရွှေ့ပြောင်းလိုက်တာပါ။ အရင် ၄ ကြိမ်ကတော့ စစ်တပ်ကတရားလို မရောက်ဘူး။ ၅ ကြိမ်မြောက်မှာတော့ သူလာတယ်။ ကျွန်မယောကျ်ားကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ မဟုတ်မမှန် အမှုဖွင့်တရားစွဲဆိုထားပါတယ်”ဟု ပြောသည်။
အသက် ၄၂ နှစ်အရွယ် ဦးလေမောင်သိန်းနှင့် မိသားစုများ တွေ့ဆုံခွင့်ရပြီး ၎င်းမှာ ရိုက်ပုတ်နှိပ်စက်ခံရသဖြင့် ခန္ဓာကိုယ်
တစ်ခုလုံးနာကျင်နေသည်ဟု သိရကြောင်း ဦးလေမောင်သိန်းဇနီးဖြစ်သူက ဆက်လက်ပြောသည်။
" တရားရုံးမှာ တရားလိုဘက်က ကျွန်မယောက်ျားအေအေကိုငွေကောက်ခံတယ်လို့စစ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်တွင် နေထိုင်သည့် ဦးလေမောင်သိန်းနှင့် ဇနီးဖြစ်သည့် သူမကိုပါ အောက်တိုဘာ ၅ ရက်နေ့ ညဉ့် ၁၁နာရီ အချိန် ဧည့်စာရင်းစစ်စဉ် စစ်ကောင်စီတပ်နှင့် အပေါင်းပါ လက်နက်ကိုင် တစ်စုက ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး သူမကို စစ်တွေ အမှတ် (၁)ရဲစခန်းတွင် မေးမြန်း စစ်ဆေးပြီး၊ နောက်တစ်ရက်အကြာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးလေမောင်သိန်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဇနီးဖြစ်သူက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်နေ့တွင် တစ်ကြိမ်၊ နိုဝင်ဘာ ၁၄ရက်တစ်ကြိမ်၊ နိုဝင်ဘာ ၂၅ရက် တစ်ကြိမ်၊ ဒီဇင်ဘာ ၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်တစ်ကြိမ် (၅) ကြိမ်တိတိ ရုံးထုတ်ခဲ့သည်ဟု သိရသည်။
" ကိုလေမောင်သိန်းကို အခုကမိသားစုနဲ့တွေခွင့်ရပါတယ်။ သူလည်းကျန်းမာနေပါတယ်။ ထပ်ပြီး နှိပ်စက်တာတွေမရှိဘူးလို့ ပြောပါတယ်။မနေ့က စစ်တွေအမှတ် (၁) ရဲစခန်းကနေ ထောင်ချုပ်ကို ပို့လိုက်ပြီလို့ အဲ့က ရဲသားတစ်ယောက်ကဖုန်းဆက်ပြောပါ
ဦးလေမောင်သိန်းကို စရဖထောက်လှမ်းရေးက ရဲလက်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က လွှဲအပ်ခဲ့ပြီး၊ အေအေကို ငွေကောက်ပေးသည်ဟုဆိုကာ မြန်မာစစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ရှိတွင် ဦးလေမောင်သိန်းကိုစစ်တွေ အမှတ် (၁)ရဲစခန်းမှ ၂လကျော်ကြာချုပ်နှောင်ထားပြီး၊ စစ်တွေထောင်ချုပ်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
ဦးလေမောင်သိန်းသည် ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာဇာတိဖြစ်ပြီ