- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ထောင် ဒဏ် ၇ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံကနေ သိရှိရသည်။
ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ချမှတ်ခဲ့သည့် အမှုများသည် ရဟတ်ယာဉ် ငှားသည့် အမှု ၃ မှုနှင့် ပြုပြင် ထိန်းသိမ်းသည့် ၁ မှုအတွက် တစ်ပေါင်းတည်း ထောင်ဒဏ် ၃ နှစ် ကျခံရန်အတွက် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ထိုအပြင် ရဟတ်ယာဉ် အသစ် တစ်စီး ဝယ်ယူခဲ့သည့် အမှု ၁ မှုအတွက် ထောင်ဒဏ် ၄ နှစ် ကို လည်း ယနေ့ နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးကနေပဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီကနေ အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ယနေ့ တွင် အဆိုပါ အမှုများအားလုံးပြီးစီးပြီး ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ကို ကျခံရမည်ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး မည်သည့် နေရာသို့ ပြောင်းရွှေ့ ချုပ်နှောင်ထားခံရမည်ကို မသိရှိရသေးကြောင်းကိုလည်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။