- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နိရဉ္စရာ၊ ဧပြီ ၁၃/ ၂၀၂၃
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားဝန်းအနီး
မဏ္ဍပ်တွင် ယနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဗုံး ၃ လုံး ဆက်တိုက်
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“၁ ရပ်ကွက် နယ်မြေ ၈
ထဲမှာ ဖြစ်တာ သေဆုံးရော ထိခိုက်ဒဏ်ရာရရော များတယ်။ ဆိုင်ကယ်တွေ
ကားတွေရော ပျက်စီးကုန်တယ်”ဟု ဖြစ်စဉ်နေရာအနီးရှိနေခဲ့သည့်
ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာန ကို ပြောပါတယ်။
အဆိုပါ
ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ဦးသေဆုံးကာ ၃ ဦး ပြင်းဒဏ်ထိခိုက်ဒဏ်ရာ ရရှိမှုဖြ
အခြားထိခိုက်ဒဏ်ရာရှိမှုအနေဖြင့်
ပေါက်ကွဲမှုနှင့်
ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် PDF များက ပြုလုပ်ခဲ့သည့်ဟု ရေးသားဖြန့်
ဝေထားကြောင်း သိရှိရသည်။
ယခု နှစ်သင်္ကြန်ကို
စစ်ကောင်စီမှ ဒေသလုံခြုံမရှိသည့် နေရာများတွင်လည်း စည်းကားအောင် ပြုလုပ်လျက်ရှိ
ကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီ ကျင်းပပြုလုပ်သည့်
သင်္ကြန်ကို ပါဝင်ဆင်နွှဲမှု ပြုလုပ်ရန် တော်လှန်ရေး အဖွဲ့များက
သင်္ကြန်မတိုင် ခင်ကာလများတွင် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
သင်္ကြန်ကာလမတိုင်ခင်အချိန်များ
ဓာတ်ပုံ - လားရှိုး
မဏ္ဍပ် ဗုံးပေါက်ကွဲမှု