- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊
(၁)ရပ်ကွက်ရှိ Honey Nest Bar ကို
စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက
ဇွန်လ ၁၂ ရက်နေ့က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့
“အကြောင်းပြချက်ကတော့ ကာဖျူးကျော်ပြီးဖွင့်လိုတဲ့။
ရန်ကုန်မှာ လိုင်းကြေးပေးပြီး ကာဖျူးကျော် ဖွင့်တာတွေ
တစ်ပုံကြီး အကုန်ဖမ်းပေါ့ဗျာ။ လိုင်းကြေး နည်းနည်းပဲရလို့နေမှာပေါ့
ဒါပဲရှိတာပဲ”ဟု
Bar သွားလေ့ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ဆိုင်အား
ညမထွက်အရမိန့်ကို ကျော်လွန်၍ ဖွင့်လှစ်သည့်အတွက်ဟုဆိုကာ လုံခြုံရေး
ပူးပေါင်း အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်းရှိ အယောက် ၃၀၀
ကျော်ကို စစ်ဆေးမှု
များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“ဟိုစစ်ဒီစစ်ပေါ့။ ဘားတွေ
ကလပ်တွေမှာ မူးယစ်ဆေးဝါး
ဆိုတာ ပိုက်ဆံရှိ အကုန်ရတယ်။ ဖမ်းပြီး စကစက ပြန်လွှတ်တာ မဆန်းပါဘူး”ဟု အနီးပတ်ဝန်းကျင်
နေထိုင်သူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ညမထွက်အရအမိန့်ကျော်လွန်ပြီး
ဆိုင်အတွင်းရောက်ရှိနေသူများကို စစ်ဆေးမှုများပြု လုပ်ပြီး ခံဝန်ဖြင့်
ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ညမထွက်အရအမိန့်ကို
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းအတွင်းကတည်းက ည ၁၂ နာရီမှ နံနက် ၄ နာရီ အထိ သတ်မှတ်
အမိန့်ထုတ်ပြန်ထားခဲ့ခြင်းဖြစ်
၂၀၂၁ ခုနှစ်
အောက်တိုဘာလပိုင်းအတွင်းက မရမ်းကုန်မြို့နယ်ထဲရှိ ကန်ရိပ်သာလမ်းတွင်
ဖွင့်လှစ် ထားသည့် Brave Bar ကို
လုံခြုံရေးများက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့
ဓာတ်ပုံ - Honey
Nest Bar (၎င်းတို့၏
လူမှုကွန်ယက်)