- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်ရှိစစ်ကောင်စီသင်တန်းကျောင်းတစ်ခုဖြစ်
ယမန်နေ့ ဇူလိုင်လ ၁၂ ရက်၊ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံ (၁၀) ချက်ခန့်အထိ ရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မေလွမ်းကျေးရွာသားတစ်ဦးက ပြောသည်။
''မနေ့က ကျနော် ကြားလိုက်တာက ၆ ချက်လောက်အထိ ကြားလိုက်ရတေ။ တချို့လူတွေ က ၁၀ ချက်လောက်အထိ ကြားရတယ်လို့ ပြောကြပါတယ်။ လက်နက်ကြီး အသံကြားတော့ တိုက်ပွဲတွေများ ဖြစ်နေလားဆိုပြီးတော့ ဒေသခံတွေက စိုးရိမ်းမှုတွေ ရှိတာပေါ့''ဟု ဆိုသည်။
လက်နက်ကြီး အသံအပြင် လက်နက်ငယ် အသံများကိုလည်း ကြားခဲ့ရကြောင်း ယင်းအနီးအနားရှိ ကျေးရွာသားများက ဆိုကြသည်။
ကမ်းနီ ကျေးရွာသားတစ်ဦးက
''လက်နက်ငယ်သံတွေလည်း ကြားရတယ်။ လက်နက်ကြီးပစ်တာကတော့ မှန်ပါတယ် ''ဟု ဆိုသည်။
တိုင်းဗဟို (၉) စစ်သင်တန်းကျောင်းမှာ သင်တန်းဆင်းပွဲ ပြုလုပ်သည့်နေ့များတွင် လက်နက်ကြီးသံများ ပစ်ခတ်လေ့ရှိသည်ဟုလည်း
သိရသည်။
သို့သော်လည်း ဒေသခံများအနေဖြင့်
ရုတ်တရက် လက်နက်သံများ ကြားရသည့်အပေါ်
တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှတ်ကာ စိုးရိမ်မှုများရှိနေခြင်း ဖြစ်
မင်းပြားမှ တက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက
''ချဲရွာဆိုရင် တိုင်းဗဟို (၉)နဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ လက်နက်ကြီးသံ ရုတ်တရက်ကြီး ထွက်လာတော့ ကလေးတွေရော၊ လူကြီးတွေရော လန့်ကုန်ကြတယ်။ သူတို့ သင်တန်း ဆင်းပွဲလုပ်လုပ်၊ ဘာလုပ်လုပ်ကျေးရွာသားတွေကို အသိပေးပြီးမှ လုပ်သင့်တယ်'' ဟု ဆိုသည်။
ချဲရွာ၊ ကမ်းနီရွာ၊
မေလွမ်းနှင့် ဦးဘုတောင်ကျေးရွာတို့မှာ တိုင်းဗဟို (၉)နှင့် အနီးဆုံး ရွာများဖြစ်ကြောင်း သိရသည်။
ယခုကိစ္စဖြင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့ကလည်း တိုင်းဗဟို (၉)မှ လက်နက်ငယ် ပစ်ခတ်သံများ ၂ ရက်ဆက်တိုက် ထွက်ပေါ်ခဲ့သေးသည်။
မင်းပြား တိုင်းဗဟို (၉)သည် စစ်ကောင်စီတပ်၏ စစ်ရေး လေ့ကျင့်သည့်နေရာ တစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ရက္ခိုင့်တပ်တော်(AA)က စီးနင်း ဝင်ရောက်တိုက်ခိုက်နိုင်
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ စတင်ကာ ယနေ့အထိ အပစ်အခတ်ရပ်စဲထားသဖြင့် သေနတ်သံများ တိတ်ဆိတ်နေချိန်တွင် ရုတ်တရက် လက်နက်ကြီးသံများထွက်ပေါ်လာသဖြင့် အနီးအနားရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု ဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။ (NN -23)