- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ဆိုင်ကလုန်းမိုခါမုန်တိုင်းအလွ
ယင်းကားလမ်း၏ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းရှိ ကားလမ်းပေါ် လက်ဝဲစာတိုက်
စစ်ဆေးရေးဂိတ်၊ ဖက်ကျကျေးရွာနှင့် ပိန္နဲတောကျေးရွာကြားရှိ စစ်ဆေးရေးဂိတ်နှင့်
ပေါက်တောပြင်စစ်ဆေးရေးဂိတ်များကု ဖွင့်လှစ်ပြီး
စစ်ကောင်စီတပ်ဖွဲ့ဝင်များက
စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။
"လမ်းကတော့ မိုခါမုန်တိုင်းအလွန်မှာ သွားလာခွင့်တွေရတယ်။ အခုလည်း
သွားလာနေကြတယ်။ ဒါပေမဲ့ စကစရဲ့ စစ်ဆေးရေးဂိတ်တွေကတော့
အရင်လို စစ်ဆေးနေတုန်းပါပဲ" ဟု ပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်
၃ ခုက ဒေသအတွင်းသွားလာနေသည့်
ခရီးသည်တင် ဒိုင်နာကားများ၊ ဘေးတွဲဆိုင်ကယ်များ၊ ကုန်တင်ကားများနှင့် ဆိုင်ကယ်များကိုပါ
စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကားပေါ်ပါလာသည့် ခရီးသည် ကျား/မ အရေအတွက်၊ မှတ်ပုံတင်၊ ယူဆောင်လာသည့်
ကုန်ပစ္စည်းအမျိုးအစားများကိုပါ စစ်ဆေးနေသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"ခရီးသည်တင်ကားတွေဆိုရင်တော့ ကားပေါ်မှာပါလာတဲ့ ကျားနဲ့မ အရေအတွက်တွေ
မှတ်ပုံတင်တွေကို စစ်တယ်။ ဆိုင်ကယ်တွေဆိုရင်လည်း
ဘောက်ဖွင့်ပြရတယ်။ ကုန်တင်ကားတွေဆို
တင်ယူလာတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို စစ်တယ်"
ဟု ပြောသည်။
ယင်းအပြင်
စစ်ဆေးရေးဂိတ် ၃ ခုအနက် လက်ဝဲစာတိုက်စစ်ဆေးရေးဂိတ်၊ ဖက်ကျကျေးရွာနှင့်
ပိန္နဲတောကျေးရွာကြားရှိ စစ်ဆေးရေးဂိတ် ၂
ခုတွင်ဆိုလျှင် ခရီးသည်များကို ကားပေါ်မှဆင်းခိုင်းပြီး စစ်ဆေးမှုများပြုလုပ်သည်ဟု
ကားသမားများကပြောသည်။
ပုဏ္ဏားကျွန်း
- ရသေ့တောင်ကားလမ်းကို ရက္ခိုင့်တပ်တော် (AA)နှင့်
စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွား
အဆိုပါကားလမ်းသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့်
ရသေ့တောင်မြို့နယ်ရှိ ဒေသခံကျေးရွာ ၆၀ ခန့် အသုံးပြုနေရသည့်
ကားလမ်းဖြစ်ပြီး အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့သည့် အတွက် ဒေသခံများ၏ လူမှုဘဝစီးပွားရေးများ
ဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်
မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအလွ