- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
(စစ်ကောင်စီတပ်မှ ၁၀ ကျော်ကျဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ)
မြန်မာအမျိုးသား
ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
ကိုးကန့် (MNDAA)နှင့်
စစ်ကောင်စီ တပ်တို့သည် ယမန်နေ့ညနေပိုင်းက
တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၁၀ ကျော်ကျဆုံးကာ
လက်နက်ခဲယမ်းအပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများကို
အဆိုပါတိုက်ပွဲမှာ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂
လက်အောက်ခံ အမှတ် ၃၃၅ စစ်ကောင်စီတပ်နှင့်
MNDAA တို့
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်
(MNDAA)၏ လိုက်လံ ပစ်ခတ်မှုအောက်တွင် အာဏာသိမ်း
စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားတချို့ စစ်မြေပြင်မှ
အထိတ်တလန့်ထွက်ပြေးပြီး သေဆုံးသောရုပ်အလောင်းတချို့ ကျန်ရှိကာ လက်နက်ခဲယမ်းတချို့လည်း
စွန့်လွှတ်ခဲ့ပါသည်”ဟု ကိုးကန့်သတင်းတွင် ရေးသားထားသည်။
တိုက်ပွဲအတွင်း
စစ်ကောင်စီတပ်မှ ၁၆ ဦးကျဆုံးပြီး
၇ ဦး ဒဏ်ရာရရှိခဲ့ကာ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ တစ်လက်၊ လက်ပစ် အမြောက် ၁ လက်၊ ကျဉ်ဘောက် ၁၄ ခု၊
ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက် ၁ လုံး၊ လက်ကိုင်ဖုန်း
၁ လုံး၊ ဂြိုလ်တု ဖုန်း ၁ လုံးနှင့် တခြား စစ်အသုံးအဆောင်ပစ္စည်းများကို
အောက်တိုဘာလ
၁၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင်
အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်ယူကာ MNDAA တပ်စခန်းရှိရာကို
ချဉ်းကမ်းလာသည့် အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို ၅ မီတာခန့်အကွာအရောက်တွင် MNDAA က ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ အကျအဆုံးများခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲမှာ
ယင်းနေ့ ညနေ ၃ နာရီ ၅ မိနစ်တွင်
ပြီးဆုံးခဲ့ဟုဖော်ပြထားပြီး စစ်ကောင်စီတပ်ဖွဲ့ အကျအဆုံး ရုပ်အလောင်းများကိုလည်း
ဗွီဒီယိုဖိုင်တကွနှင့် ဖော်ပြထားသည်။
တစ်ဘက်တွင်လည်း
စစ်ကောင်စီက နေပြည်တော်တွင်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) လက်မှတ်ရေးထိုးသည့် (၈) နှစ်မြောက်
နှစ်ပတ်လည်နေ့ ကျင်းပနေချိန် တိုင်းရင်းသားဒေသများတွင်
စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြ
ပုံစာ
- တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (Photo by - The Kokang)