- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းမှစ၍ ရဲနှင့်စစ်သား အင်အား ၃၀ ကျော်
ဝင်ရောက်တပ်စွဲနေကြောင်း စုံစမ်းသိရသည်။
၎င်းတို့သည် ယနေ့ နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းက ရောက်ရှိနေပြီး စခန်းချရန်ပြင်ဆင်နေသဖြင့် ဝန်ထမ်းများနှင့်
ကျောင်းသား ကျောင်းသူများအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု တက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဘွဲ့နှင်းသဘင်ခန်းမမှာ နေရာယူနေကြတယ်။
အင်အားကတော့ ၃၀ ကျော်လောက် ရှိမယ်။
စစ်သားတွေရောက်နေတော့ ဘယ်သူက ကျောင်းလာတက်ရဲကြတော့မလဲ။
ရုံးလာတက်ရဲမယ့်သူတောင်မရှိတော့
အဆိုပါဘွဲ့နှင်းသဘင်ခန်းမတွင် နေရာယူထားကြသည့်
စစ်ကောင်တပ်ဖွဲ့ဝင်များတွင် ရိက္ခာအများအပြားလည်း ပါရှိလာသည်ဟု သိရသည်။
ထိုသို့စစ်ကောင်စီတပ်သားများ စခန်းချရန်ရောက်ရှိလာသဖြင့်
တက္ကသိုလ်ဝင်းအထဲတွင် နေထိုင်ကြသည့် ဝန်ထမ်းအချို့မှာလည်း မနေရဲတော့ဘဲ
အခြားနေရာသို့ပြောင်းရွှေ့နေကြ
စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း
စစ်ကောင်စီသည် စစ်တွေတက္ကသိုလ်အပြင် စစ်တွေမြို့ရှိ ၃ ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံများ၊
ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် စခန်းချနေသည်ဟုလည်း
ဒေသခံများအကြားတွင် သတင်းထွက်ပေါ်နေသည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်မှစ၍
ပြည်နယ်စစ်ကောင်စီရုံး အနီးအနား
ထို့အပြင် ညအချိန်တွင်လည်း စစ်တွေမြို့ရှိ
ရပ်ကွက်အချို့ကို စစ်ကောင်စီက ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုမျာ