- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
စစ်ကောင်စီက
ရခိုင်တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ပိတ်ထား၍
လယ်သမားများတွင် စပါးများရိတ်သိမ်းရန်
စက်သုံးဆီ အထူးအခက်အခဲ ဖြစ်နေကြကြောင်း
သိရသည်။
ရခိုင်ရှိ
မြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့
တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်
ယင်းသို့ပိတ်ထား၍
စပါးရိတ်သိမ်းရတော့မည့်လယ်သမား
ရခိုင်ပြည်လုံးဆိုင်ရာ
တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက
"ရခိုင်မှာစပါးရိတ်သိမ်းချိန်
စက်သုံးဆီအရောင်းဆိုင်များနှင့်
စက်သုံးဆီရောင်းချသူများတွင် လက်ကျန် စက်သုံးဆီများကို လက်ရှိ နိုဝင်ဘာလ ၂၇ ရက်၌ တစ်ပေပါလျှင် အနည်းဆုံး ကျပ် ၁၂
သိန်းခွဲမှ ကျပ် ၁၄ သိန်းကျော်အထိ စျေးပေါက်လျက်ရှိကြောင်း သိရသည်။
ယင်းစျေးဖြင့်ပင်ဝယ်ယူရန်
စက်သုံးဆီများကို အလုံအလောက် ရှာမရ ဖြစ်နေကြသည်ဟုလည်း သိရသည်။
ယခင်နှစ်က
စပါးရိတ်သိမ်းချိန်ကဆိုလျှင် စက်သုံးဆီ တစ်ပေပါလျှင် ၆၂၀၀၀၀ ကျပ်
အထိသာရှိခဲ့သည်ဟု သိရသည်။
ယင်းသို့
စက်သုံးဆီရှားပါးနေ၍ အချို့လယ်သမားများတွင် လက်များဖြင့် ရိတ်သိမ်းနေရသော်
တစ်ဘက်တွင်လည်း
စက်သုံးဆီဝယ်ယူမရ၍ စပါးရိတ်စက်ပိုင်ရှင်များသည်လည်
လက်ရှိ
စပါးရိတ်စက်ဖြင့် တစ်ဧကလျှင် စပါးရိတ်သိမ်းခ ကျပ် ၁၅၀၀၀၀ နှင့် ၁၈၀၀၀၀ ကြားတွင်
စျေးမြင့်တက်လျက်ရှိနေကြောင်း
ပုဏ္ဏားကျွန်းမြို့နယ်မှ
လယ်သမားတစ်ဦးက "စပါးကရိတ်သိမ်းလို့မရဘူး။ ရွာလုံးကျွတ် စပါးရိတ်တန်းလမ်းနဲ့
ထွက်ပြေးရှောင်တိမ်းနေကြရတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတာနဲ့
လယ်တွေအမြန်သိမ်းချင်လို့ စက်နဲ့ ရိတ်ခိုင်းတာတောင်
စက်သုံးဆီဈေးမြင့်တက်လို့ စက်ပိုင်ရှင်တွေကို ခေါ်တာမရဘူးဖြစ်နေတယ်။ ပြီးတော့
ဘယ်စက်ပိုင်ရှင်မှလည်း ဒီကာလမှာ စပါးရိတ်ဖို့ခေါ်လို့မရတဲ့
အခက်အခဲတွေနဲ့ကြုံနေရတယ်။ လက်နဲ့ ရိတ်သိမ်းပြန်တော့လည်း
ဒီကာလမှာက အချိန်ကြန့်ကြာတာနဲ့ စိုးရိမ်ရတယ်"ဟု
ပြောသည်။
ယခင်နှစ်က
စပါးရိတ်သိမ်းချိန်တွင် စပါးရိတ်စက်ဖြင့် တစ်ဧကလျှင် စပါးရိတ်သိမ်းခ ကျပ် ၈
သောင်းခွဲသာရှိခဲ့သည်ဟု သိရသည်။
ရခိုင်တွင်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း
ရက္ခိုင့်တပ်တော်(AA)နှင့်
စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြ၍
ရခိုင်ရှိလယ်သမားများမှာ စပါးရိတ်သိမ်းခွင့်မရဘဲ ထွက်ပြေးရှောင်တိမ်းနေကြရသည့်
ဓာတ်ပုံ
- ရခိုင် တိုက်ပွဲဧရိယာထဲရှိ မြို့နယ်တစ်ခုမှ လယ်ယာလုပ်ငန်းခွင်အားတွေ့ရစဥ်။