ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ ရွာတချို့ကို
စစ်ကောင်စီမှ ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက် ည ၈နာရီခန့်က မာန်အောင်မြို့နယ်၊ သိမ္ဘလအုပ်စု၊ အရှေ့ဇီးတောရွာတွင် စစ်သားနှင့်ရဲသားအင်အား
၃၀ ခန့်က နေအိမ်များကို ဝိုင်းထားပြီး အိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများရှိခဲ့သည်ဟု
စစ်ဆေးခံရသည့်ကျေးရွာနှင့်
နီးစပ်သူတစ်ဦးကနိရဉ္စရာကို ပြောသည်။
" စစ်ဆေးခံရတဲ့အိမ်အနီးနားတွေအားလုံးကိုဝိုင်းထားတယ်။ စစ်နဲ့ရဲ ၃၀လောက်ပါတယ်။ ညဖက်ဝင်စစ်တာ။ လက်ရှိ အုပ်ချုပ်ရေးမှူး အပြင် အရင်က
အုပ်ချူပ်ရေးမှူးဟောင်းလည်း ပါတယ်" ဟုပြောသည်။
သိမ္ဘလအုပ်စုတွင်
ကုန်းတန်း၊ ဇီးတော၊ ဗျိုင်းကျွန်း ကျေးရွာများ ပါရှိပြီး ၎င်းရွာများသည် မြို့နှင့်၂ မိုင်နှင့် ၃ မိုင် အဝေးတွင်တည်ရှိနေကြောင်း သိရသည်။
ယခုကဲ့သို့စစ်ဆေးခြင်းမှာ
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်နိုင်သည့် သူများရှိနိုင်သည်ဟု ယူဆကာ စစ်ကောင်စီတပ်က ဝင်ရောက် စစ်ဆေးခြင်းဖြစ်နိုင်သည်ဟု မာန်အောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
" ချောင်း၀ ၊
မြစ်၀တွေမှာ အေအေရှိနိုင်တယ်လို့ သူတို့ထင်လို့ဒီလိုဝင်မွှေတာဖြစ်နိုင်တယ်။ခုက
ရမ်းဗြဲမှာလည်း
တိုက်ပွဲဖြစ်နေတယ်ဆိုတော့။ ဒီဖက်မှာ လုံခြုံရေးအရ
စစ်ဆေးတာဖြစ်နိုင်တယ်"
ဟုပြောသည်။
မာန်အောင်မြို့နယ်တွင်
စစ်ကောင်စီက ကမောင်တောင်တွင် စစ်သားများ အခြေချထားပြီး မျှော်တော်ဦးတွင် ရေတပ်အခြေစိုက်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့်
၂၀၂၂ခုနှစ်တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း သစ်ပုံကျေးရွာ၊
ဘဲအင်းကျေးရွာ၊ မီးလောင်ထောက်ကျေရွာ၊ ချောင်း၀ ကျေးရွာ များတွင် ယခုကဲ့သို့
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောသည်။(NN-11)