- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
စစ်ကောင်စီသည် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးအပါအဝင် ၁၀ ဦးကို ယမန်နေ့ (ဇန်နဝါရီ ၃၀ရက်) က တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရရှိသည်။
လွှဲပြောင်းခံရသူ ခေါင်းဆောင် ၆ ဦးမှာ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာတို့ဖြစ်ကြပြီး နောက်ထပ် ၄ ဦးမှာ အခြားအရေးကြီး ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိနေသူများဖြစ်ကြသည်ဟု ဆိုသည်။
ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင် ဖြစ်သည်ဟုဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်သည်ဟု ဆိုသည်။
Ref: Xinhua