- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ရခိုင်စစ်မြေပြင် တိုက်ပွဲတိုင်းတွင် အရှုံးနှင့်
ရင်ဆိုင်နေရသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ကို လက်ရုံးရည်ဖြင့် မယှဉ်နိုင်တော့ရာမှ
အပြစ်မဲ့ ရခိုင်ပြည်သူများကို ဦးတည်ပြီး
လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာနေကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက
ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ
၂၉ ရက်နေ့ည ၁၁နာရီခွဲခန့်က မင်းပြားကိုမြို့နယ် အမ်းသားရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ
(၁)စီးဖြင့် လာရောက်ဗုံးကြဲခဲ့
" ညဉ့်အချိန်မှာ
နီးနီးကပ်ကပ် ဗုံးလာချသွားပါတယ်။ အိမ်မှာလူမရှိလို့လူတွေမထိခိုက်
စစ်ကောင်စီမှ ဗုံးလာကြဲသဖြင့်
အမ်းသားရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံများက အသက်အန္တရာယ်ထိခိုက်လာမည်ကို
စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့
ပြောင်း ရွေ့နေကြသည်ဟု
၎င်းကပြောသည်။
" မြို့သိမ်းထားပေမယ့်
ဒီလိုမကြာမကြာ လူနေရွာတွေကို
ဗုံးလာကြဲလို့
အခုရွာကလူတွေ အိမ်မှာ
မနေရဲတော့ဘူး။ အထုပ်အပိုး
ပြီးခဲ့သည့် ဖေဖော်ဝါရီလ
(၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊
မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်
တမင်တကာ ရည်ရွယ်ချက်ရှိရှိ
လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံ အများစု ထိခိုက်ပျက်စီးခဲ့ရပြီး
ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ စစ်သုံ့ပန်းများ၊ ဆေးရုံဝန်ထမ်းများ
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။
ယင်းအပြင် ၎င်းနေ့ နံနက် (၁) နာရီခွဲခန့် အချိန်တွင်
မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့်
ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး
လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု
ရက္ခိုင့်တပ်တော်(AA)၏ထုတ်ပြန်
ယမန်နေ့ ဖေဖော်ဝါရီ
၂၉ရက်နေ့က မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးအား စစ်ကောင်စီ၏ ရေတပ်
ကိုးရီးယားဆိပ်ကမ်းမှ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်
အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင်
၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့်
တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက်
ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊
စာသင်ကျောင်း၊ တိုက်တာ အဆောက်အအုံ များအား ပစ်မှတ်ထားတိုက်ခိုက်ပြီး
စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိသည်ဟု
ရက္ခိုင့်တပ်တော်မှထုတ်ပြန်ထား