- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
သဥ္ဇာနွယ်၊ နိရဥ္စရာ ၂၂/ ၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်၍ မြို့ပေါ်နေ ရခိုင်များအားလုံး မြို့ကိုစွန့်ခွာသွားကြရပြီဟု
ဘူးသီးတောင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်မည်စိုးရိမ်၍ မြို့ပေါ်နေရခိုင်များအားလုံး မြို့ကိုစွန့်ခွာ နေကြရသည်ဟု ဘူးသီးတောင်မြို့မှ တိမ်းရှောင်လာသည့် သက်လတ်ပိုင်းအရွယ်
ရခိုင် အမျိုးသားတစ်
“ အခု အခြေနေက တော်တော်လေးကိုဆိုးနေတာ။ စစ်တပ်က နောက်ကွယ်ကြိုးကိုင်ပြီး သွေးထိုး လှုံ့ဆော်မှုတွေ လုပ်လာတဲ့အတွက် မွတ်ဆလင် တချို့က တစ်ရက်ထက် တစ်ရက် သောင်းကျန်းလာတယ်။ အိမ်တွေကို ခဲနဲ့ထုတယ်။ ဓားပြတိုက်တယ်။ ဖောက်ထွင်းမှု
လုပ်တယ်။ ဆန္ဒပြတယ်
ယင်းအပြင် ဘူးသီးတောင်မြို့နယ် တောင်ဘဇားသို့ လမ်းသွားလမ်းလာပြုလုပ်နေသည့် ရခိုင်များကိုလည်း တားဆီးမှုများပြုလုပ်ထားသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္ရရာသတင်းဌာနကိုပြောသည်။
“ ဘူးသီးတောင်မြို့ကနေ တောင်ဘဇားကိုသွားတဲ့ ကူတိုးဆိပ် တို့မှာဆိုရင်လည်း မွတ်ဆလင်တချို့က စစ်တပ်အားကိုးနဲ့ အဟန့်အတားလုပ်ပြီး ဆရာခေါ်ခိုင်းတာတို့ အလေးပြုခိုင်းတာတို့လုပ်တယ်။ အဖမ်းအဆီးတောင်လုပ်နေကြပြီ။ စစ်ကောင်စီဖက်က ဘယ်လောက်တောင် ဖိအားပေးပြီး သွေးထိုးထားလဲမသိဘူး” ဟုပြောသည်။
ဘူးသီးတောင်မြို့ပေါ်ဒေသခံများ
ဘူးသီးတောင်မြို့တွင် ရခိုင်နှင့်မွတ်ဆလင် လူဦးရေ ၃ သိန်း ကျော်အထိ နေထိုင်ကြောင်း သိရသည်။
၎င်းပြင် စစ်ကောင်စီသည် ဘူးသီးတောင်မြို့နှင့် ၁၆ မိုင်သာကွာဝေးသည့် မောင်တောတွင်လည်း အေအေအား ကန့်ကွက်ဆန္ဒပြရန် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များအား စည်းရုံး လှုံ့ဆော်မှုများရှိနေသည်ဟု သိရသည်။
မြန်မာစစ်အစိုးရအဆက်ဆက်သည် သူတို့အုပ်ချုပ်ရေး အာဏာတည်မြဲရန်အတွက် ရခိုင်နှင့် မွတ်ဆလင် များအား သွေးခွဲပြီး အုပ်ချုပ်လာသဖြင့် ယခုကျဆုံးလုနီးပါးဖြစ်နေသည့် စစ်ကောင်စီ၏ သွေးခွဲအုပ်ချုပ်မှုကို နားမယောင်လိုအပ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ယခု ဘူးသီးတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောကြားထားသည်။
“ ကြည့်ရတာ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်
ရခိုင်က တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ယခင်လုပ်နေကျအတိုင်း ရခိုင်နှင့် မွတ်ဆလင်များအကြား ပဋိပက္ခဖြစ်အောင် အကွက်ကျကျ ဖန်တီးလုပ်ဆောင်နေမှုကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်လာမည်ကို အများပြည်သူများက စိုးရိမ်နေကြသည်ဟု သိရသည်။