- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)/ နိရဥ္စရာ ၊ မတ် ၂၈ / ၂၀၂၄
စစ်ကောင်စီ၏ (၇၉)နှစ်မြောက် တပ်မတော်နေ့တွင် မွန်ပြည်၊
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအား လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှတိုက်ခိုက်၍အိမ်
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးနေ့ တွင် အကြမ်းဖက်စစ်ကောင်စီမှ မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် ဓမ္မသကျေးရွာ အတွင်းသို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းမှ နေ၍ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးတင်ရှို့ခဲ့ရာ လူနေအိမ်ခြေပေါင်း (၃၀၀) ကျော် မီးရှို့ခြင်း ခံရပြီး အနီးအနား ကျေးရွာများမှ ပြည်သူများ အပါအဝင် စစ်ဘေးရှောင်နေရသူ စုစုပေါင်း (၆၀၀၀) ကျော် အတိဒုက္ခ ရောက်ကြရပြီး အများစုမှာ မွန်လူမျိုးများ ဖြစ်ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အကြမ်းဖက်စစ်တပ်မှ ထိုကဲ့သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အကြမ်းဖက် ပစ်ခတ်ပြီး မီးတင်ရှို့သည့် အချိန်တွင် ဓမ္မသကျေးရွာအတွင်း၌ မည်သည့် တော်လှန်ရေး အဖွဲ့အစည်းမှ တပ်စွဲထားခြင်းမရှိဘဲ မွန်၊ ကရင် နှင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများအပေါ် လက်တုန့်ပြန် သည့် အနေဖြင့် ရွာသူရွာသားများအပေါ် ရည်ရွယ်ချက်ရှိရှိ ရန်ရှာပစ်ခတ်ခြင်းဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီမှထုတ်ပြ
အကြမ်းဖက်စစ်တပ်သည် ယခင်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ် နေရာအများအပြားတွင် စစ်ရာဇဝတ်မှု လူသားမျိုးနွယ်များအပေါ် အပြစ်ကျူးလွန်ခဲ့ပြီး၊ ယခု မွန်ပြည်နယ်တွင် ထပ်မံကျူးလွန်ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုတို့အား တိုက်ရိုက် ရင်မဆိုင်ရဲဘဲ ပြည်သူတို့အား ရန်ရှာသည့် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အပြင်းအထန် ရှုတ်ချသည်။
၄င်းအပြင် အနီးအနား ကျေးရွာများမှ မီးသတ်ကားများ၏ လာရောက်ကူညီပေးမှုအပေါ် စကစ တပ်များမှ တားမြစ်ထားပြီး လူသားမဆန်စွာ ခွင့်မပြုခဲ့မှုကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆက်လက်၍ အရပ်သားပြည်သူတို့၏ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန်အတွက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်စေရန် ပြည်သူလူထုတစ်ရပ်လုံး မှ နည်းမျိုးစုံဖြင့် တွန်းအားပေး တိုက်ထုတ်သွားရန်နှင့် ဤကဲ့သို့ လူမဆန်သော လုပ်ရပ်များ အမြန်ဆုံး ရပ်တန့် သွားစေရန် အကြမ်းဖက် စစ်ကောင်စီကို အလျင်အမြန် ဖြုတ်ချရန် လိုအပ်ကြောင်းလည်း တိုက်တွန်း ထားသည်။
နောက်ဆုံးအနေဖြင့် လက်ရှိကာလတွင် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့သည့် ပြည်သူများအား မွန်ပြည်အတွင်းရှိ မွန်ပြည်သူများ၊ ပြည်ပရောက် မွန်ပြည်သူများ၊ မြန်မာနိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့မှ လူသားချင်း စာနာမှုအကူအညီပေးအပ်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အလေးအနက် တိုက်တွန်းထားသည်။
ဓာတ်ပုံ- မွန်ပြည်ဖက်ဒရယ်ကောင်စီ နှင့် ကျိုက်မရောသတင်းစုံ