- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဧပြီ ၅ / ၂၀၂၄
စစ်ကောင်စီမှ ရသေ့တောင်မြို့ပေါ်ကို ယမန်နေ့ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
လူဦးရေ တစ်သောင်းခန့် နေထိုင်သည့် ရသေ့တောင်မြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ကတည်းက ပြည်သူများမှာ စစ်ဘေးရှောင်နေကြသဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
ဒေသခံ တစ်ဦးက “ရသေ့တောင်ကို မနေ့က မနက်မှာ ဒရုန်းနဲ့ လာပစ်တာရှိတယ်။ နယ်ကိုတော့ မဟုတ်ဘူး။ မြို့ပေါ်ကို လာပစ်တာ။ လူတွေကို မြို့ထဲဝင်ခွင့် မပေးသေးတော့ အထိအခိုက်မရှိဘူး။ မြို့ပေါ်ကလူတွေ အကုန်လုံးက စစ်ဘေးရှောင်နေကြတုန်းပါ” ဟု ပြောသည်။
ရသေ့တောင်တွင်မြို့
“ စေတီတောင်စေတီရဲ့ အောက်မှာရှိတဲ့ ဘုရားဆင်းတုတော်တွေ ပျက်စီးသွားတယ်။ မိုးထားတဲ့ ခေါင်မိုးတွေရောပဲ။ သူတို့က ဘုရားပေါ်မှ ကိုယ့်ဖက်ကလူတွေရှိတယ်ထင်လို့ ပစ်တာနေမှာ “ ဟုပြောသည်။
ယင်းအပြင်မြို့အနီးရှိ တောင်လှမော်ကျေးရွာအပါအဝင်
တောင်ရင်းတန်းရပ်ကွက်၊ ဂူတာပြင်၊ အရှေ့မြောက်ရပ်ကွက်ရှိ နေအိမ်များ၊
စေတီတောင်အရှေ့ စစ်ဘေးရှောင်စခန်းနှင့် စေတီတောင် အနောက်စစ်ရှောင်စခန်
“ ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့အတိအကျမသိ
ယင်းအပြင် ရသေ့တောင်တိုက်ပွဲကာလအတွင်းက စစ်ကောင်စီ၏လေကြောင်းမှပစ်ခတ်
ရသေ့တောင်မြို့နယ်တွင် လက်ရှိ အချိန်ထိ ဒေသခံပြည်သူ သောင်နှင့်ချီပြီး စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးလည်း ကျပ်တည်းနေကြသည်ဟု ၎င်းတို့ က ပြောသည်။
ရသေ့တောင်မြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA) မှ သတင်း ထုတ်ပြန်ထားသည်။