- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ ဧပြီ ၁၆/၂၀၂၄
တနင်္သာရီတိုင်းတွင် ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး
ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း ကေအဲန်ယူ (KNU)ဗဟိုက
သတင်းထုတ်ပြန်သည်။
ဧပြီလ
(၁၆) ရက်နေ့စွဲဖြင့် ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်ရာတွင်၏
“ ကေအဲန်ယူ− ကရင် အမျိုးသား အစည်းအရုံး၊
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်−ထားဝယ်ခရိုင် အတွင်း
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ခလရ−၁၀၃ တပ်ရင်းမှ
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး
လက်နက်ချအညံ့ခံခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့သည်”
ဟု ဖော်ပြသည်။
ခလရ−၁၀၃
တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့
ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ
(၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက်
ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိအချိန်တွင်
လက်နက်ချအညံ့ခံလာသော ခလရ(၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး
အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး ကေအဲန်ယူ−ဘိတ်−ထားဝယ်ခရိုင်
တာဝန်ရှိသူ များမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း
စောင့်ရှောက် ထားသည်။
လက်နက်ချသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင်
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးများအား
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရှိရသည်။
ဓါတ်ပုံ − ခလရ(၁၀၃)တပ်ရင်းထံမှ လက်နက်ချအညံ့ခံသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းများ။