- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
မောင်စာဂ၊ နိရဥ္စရာ၊ ဇွန် ၁ /၂၀၂၄ (Breaking News)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ
ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ်က
ဗုံးကြဲခဲ့သည့် အတွက်
ဒေသခံအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်ဟု သိရသည်။
ယနေ့
ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ထောက်/ပို့ယာဥ်ဖြစ်
ဒေသခံတစ်ဦးက
"ရွာကို ဝဲပျံပတ်ပြီးတော့
ချခဲ့တာ။ ပထမ နှစ်လုံးချတယ်။ ပြီးရင် နောက်ထပ် ဝဲနေသေးတယ်။ ခဏနေ ထပ်ချလာတယ်။
တစ်ခါချရင် ၂ လုံးစီနဲ့ ၆ လုံးချပစ်ခဲ့တာ"ဟု ပြောသည်။
ယိုးတရုတ်ကျေးရွာ၏ အရှေ့စုရပ်ကွက်အပါအဝင် ဆေးရုံအနီး၊ စျေးနှင့် ရွာအပြင်ဘက်တို့ကိုကျရောက်ပေါက်
အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။