- Web Master
- ၂၂ အောက်တိုဘာ ၂၀၂၄
သဉ္စာနွယ်၊
နိရဥ္စရာ၊ မေ ၂၀/
၂၀၂၄
ရခိုင်ပြည်၊သံတွဲမြို့နယ်တောင်ပိုင်း ရွှေလှေအနီးတွင် အာရက္ခတပ်တော်
(AA)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေပြီး
တိုက်ပွဲဖြစ်ပွားနေရာ အနီးအနား ကျေးရွာများသို့ ကွင်းဝိုင်း ရေတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ (၈) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးငယ်
တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားကြောင်း
သတင်းရရှိသည်။
သေဆုံးသူမှာ ခမောင်းတုန်းကျေးရွာမှ
မောင်ဘိုအောင် အသက်(၈)နှစ်ဖြစ်သည်။
ဒဏ်ရာရရှိသူမှာ အသက် (၆)နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အမည်မသိရသေးသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
“ ဒီနေ့
နေ့လယ်ပိုင်းက ရေတပ်ကနေ
လက်နက်ကြီးတွေနဲ့ပစ်တယ်
ယနေ့ မေ ၂၀ ရက်နေ့
နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ကွင်းဝိုင်း ရေတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ခမောင်းတုန်းကျေးရွာအတွင်းသို့
လက်နက်ကြီးကျည်တချို့
ကျရောက် ပေါက်ကွဲခဲ့သည်ဟု သံတွဲဒေသခံတစ်ဦးက နိရဥ္စရာ
သတင်းဌာန ကိုပြောသည်။
သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲမှာပြင်းနေပြီး အကျအဆုံးများနှင့် အထိနာနေသည့် စစ်ကောင်စီသည် ကြည်း၊ရေ၊လေဖြင့် အေအေ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံနေရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် သူတို့
အထိနာနေသဖြင့် အရပ်သားပြည်သူနေထိုင်သည့်
ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်လာနေသဖြင့် သံတွဲမြို့နယ်တွင်
အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ တစ်နေ့ထက်
တစ်နေ့ မြင့်တက်လာနေသည်ဟု သံတွဲဒေသခံ အမျိုးသမီးကြီးတစ်ဦးက နိရဥ္စရာ
သတင်းဌာန ကိုပြောသည်။
“ သံတွဲမှာ
တိုက်ပွဲကနေ့တိုင်းရှိတယ်။ နေဗီကပစ်လိုက်။ လေယာဉ်နဲ့ ဗုံးကြဲလိုက်။ ဘားတောင်က
ပစ်လိုက်နဲ့။ အခုဆိုရင် သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေတိုးလာတယ်။
ထွက်ပြေးလို့မရဘဲ ရွာထဲမှာ ပိတ်မိနေတဲ့ သူတွေလည်းရှိနေတယ်။ အန်တီတို့ ရွာတောင်မလုံခြုံတော့
မေလ ၁ ရက်နေ့မှ
၂၀ ရက်နေ့ အထိ ရက်ပေါင်း ၂၀ အတွင်း သံတွဲတွင် သေဆုံးသူ ၁၆ ဦးထက် မနည်းရှိပြီး ဒဏ်ရာရရှိသူလည်း အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။
ရွှေလှေတိုက်နယ်ရှိ
ကျေးရွာများတွင် အာရက္ခတပ်တော် နှင့်စစ်ကောင်စီတပ်တို့အကြား
မြေပြင် တိုက်ပွဲများမှာ ပြင်းထန်နေပြီး လင်းသီရွာနှင့်
ရွှေလှေကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ အပုံလိုက်သေနေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ လင်းသီရွာသားတွေကို အေအေက မလာခိုင်းသေးဘူး။ လင်းသီက ရွာသားတွေ တူးထားခဲ့တဲ့ ဗုံးခိုကျင်းတွေမှာ စစ်သားတွေ သေနေတာအများကြီးပဲ၊နောက်ရွှေလှေတံတားနားက အိမ်တွေမှာ စစ်သားအလောင်းတွေများတယ်။ စစ်တပ်က ဗုံးထောင်ထားခဲ့မှာ စိုးလို့ အေအေက မိုင်းရှင်းနေတယ်။ ရွာသားတွေကို မိုင်းရှင်းပြီးမှ ရွာတွေကို ပြန်ခေါ်မယ်ထင်တယ်။ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်ရသေးတယ်” ဟု ပြောသည်။