အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော်မှ ဆန်စက်ပိုင်ရှင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသော်လည်း သူနှင့် အတူ အဖမ်းခံရသူ လွတ်မြောက်လာခြင်းမရှိသေး၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇()အပြင် စစ်ပုန်ကန်မှုပုဒ်မ၁၃၁နှင့်ပါ တရားစွဲဆိုခံခဲ့ရသူ ကျောက်တော်မြို့နယ်၊  ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သည် စစ်ကောင်စီလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့သော်လည်း သူနှင့်အတူ အဖမ်းခံခဲ့ရသည့် ဦးမောင်သက်စိုးမှာ လွတ်မြောက်လာခြင်း မရှိသေး မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

ဦးမောင်သက်စိုး၏ ဇနီးဖြစ်သူက " ကိုမောင်သက်စိုးနဲ့ ဦးလှမောင်သန်းကို ၁၇() တစ်မှုတည်းနဲ့ နှစ်ယောက်လုံးကို တရားစွဲဖမ်းဆီးထားတာပါ။ ရုံးထုတ်စစ်ဆေးတဲ့ အချိန်တွေမှာလည်း ကိုမောင်သက်စိုးမှာ တရားလိုမရှိဘူးဆိုပြီး စစ်ဆေးတာတွေ မရှိဘူး။ ဦးလှမောင်သန်းကိုပဲ စစ်ဆေးတယ်လို့ပြောတယ်။ အခု လွတ်ငြိမ်းခွင့်နဲ့ ဦးလှမောင်သိန်းကလွတ်မြောက်လာပြီ ပူးတွဲတရားစွဲခံရတဲ့ ကျွန်မအမျိုးသားက လွတ်မြောက်လာတာမရှိတော့ ဘာဖြစ်လို့လဲဆိုတာ အရမ်းသိချင်တယ်။ စိုးလည်း စိုးရိမ်နေတယ်။ တစ်မှုတည်းနဲ့ နှစ်ယောက်ဖမ်းခံရပြီးတော့ တစ်ယောက်ပဲလွတ်ပြီး ကျန်တစ်ယောက်က လွတ်မလာဘူးဆိုတော့ စဥ်းစားလို့မရဘူးဖြစ်နေတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဦးမောင်သက်စိုးသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှေမောင်သန်းနှင့် အတူ အဖမ်းခံခဲ့ရသူ ဖြစ်သည်။

၎င်းမှာ ၁၇()အမှုတစ်ခုတည်းဖြင့် ပူးတွဲတရားစွဲခံနေရသော်လည်း  တရားစွဲဆိုသူ မရှိ၍ တရားရုံးတင် စစ်ဆေးခြင်းလည်း မရှိကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။

လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ ဦးလှမောင်သန်းကလည်း "သူက ကျွန်တော့်အမှုတွဲမှာ ကပ်ပါနေတာဆိုတော့ ကျွန်တော်လွတ်ရင်သူလည်း လွတ်ရမယ် အခုက မလွတ်ဘူးဆိုတော့ သူတို့ ထောင်အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်မှားနေတယ်လို့ မြင်တယ်။ အမှုမှာ သူနဲ့မဆိုင်ဘူး။ ကျွန်တော်နဲ့ အဖော်အဖြစ်လိုက်ပါလာရင်းက ဖမ်းဆီးခံရတာ။ ရုံးမှာလည်း သူ့ကို တရားစွဲတဲ့  တရားလို မရှိဘူး။ စစ်ဆေးတာလည်း မရှိဘူး။ သူ့ကို လွတ်မြောက် လာစေချင်တယ်" ဟု ပြောသည်။

ဦးမောင်သက်စိုးမှာ တရားစွဲဆိုသူ မရှိသည့်အပြင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အဖော်လိုက်ပါသွားသူဖြစ်၍ ပြန်လွှတ်ပေးစေချင်သည်ဟု မိသားစုဝင်များက ပြောသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းသည် လွတ်ငြိမ်းခွင့်ဖြင့် ပြီးခဲ့သည့် သြဂုတ်လ ရက်၊ ညနေ နာရီခန့်က စစ်တွေအကျဥ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။

ဦးလှမောင်သန်းက "ကျွန်တော်က လွတ်ငြိမ်းခွင့်နဲ့လွတ်မြောက်လာခဲ့ပါပြီ။ အမှုတွေအကုန် ပိတ်သိမ်းပြီးနောက် လွတ်လာတာတာပါ" ဟု ပြောသည်။

ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ ပြီးသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ရက်၊ ညနေ နာရီခန့်တွင် ကျောက်တော်၊ ကန်စောက် အခြေစိုက် ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ဆန်ဝယ် ယူထားသည့် အကြွေးကို ပေးမည်ဆိုပြီး  ဖုန်းဆက် ခေါ်ယူခဲ့သည့်အတွက် အဖော်ဖြစ်သူ ဦးမောင်သက်စိုးနှင့် တပ်ရင်းကို အတူသွားရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ဦးလှမောင်သန်းကို စစ်တပ်က ရဲဘော်များကို AA ထံပို့ပေးမည်ဟု စည်းရုံးခဲ့သည့် အတွက်ကြောင့်ဆိုကာ စစ်ပုန်ကန်မှုပုဒ်မ ၁၃၁ အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇() နှင့်ပါ လုပ်ကြံ တရားစွဲဆို ခံခဲ့ရပြီး ကိုမောင်သက်စိုးကိုပါ ဖမ်းဆီးထားတာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇()ဖြင့် ပူးတွဲကာ တရားစွဲထားခြင်းဖြစ်သည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့် ပေးလိုက်ရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် အမှု ရင်ဆိုင်နေရသူ ၆၀ ကျော်ပါဝင်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ