အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကုလားတန်မြစ်ရေမြင့်တက်မှုကြောင့် ကျောက်တော်မြို့နယ် ကျေးရွာအများအပြားရေနစ်မြုပ်နေ (ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 976

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်တော်မြို့နယ်မှ ကုလားတန်မြစ်ကမ်း တစ်ဖက်တစ်ချက်ရှိ ကျေးရွာအများအပြား ရေနစ်မြုပ်နေသည်ဟု သိရသည်။

၎င်းကျေးရွာများမှာ ကုလားတန်မြစ်လက်တက်၊ ယိုးချောင်းအတွင်းရှိ ဝါးတောင်၊ ပန်းဖဲချောင်း၊ ကန်စောက်၊ ခမောင်းတော၊ မီးရပ်ပြင်၊ ချောင်းတူစသည့် ကျေးရွာများနှင့် မဟာမုနိဘုရားအနီးရှိ  သရက်တပင်၊ ညောင်ချောင်း၊ ကျောက်တလုံး၊ စပါးဆိပ်စသည့် ကျေးရွာများမှာလည်း သရီချောင်းရေတိုးလာသဖြင့် ရေကြီးနေခြင်းဖြစ်သည်။



ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ သြဂုတ်လ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး ကုလားတန်မြစ်ရေတိုးလာသဖြင့် ကျောက်တော်မြို့နယ်တွင် ရေကြီးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရေနစ်မြုပ်နေသည့် ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ပြောင်းရွေ့နေထိုင်ရကာ စားနပ်ရိက္ခာ၊ အဝတ်အထည်များနှင့် ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု သိရသည်။


ယနေ့ညနေတွင်လည်း မိုးရွာသွန်းနေပြီး ညဉ့်အချိန် ရေထပ်တိုးလာနိုင်ခြေရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

ကုလားတန်မြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၈ ရက်၊ နံနက်တွင်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - သြဂုတ်လ ၈ ရက်တွင် နိရဥ္စရာကသွားရောက်ရိုက်ကူးထားသည်ကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ