- Web Master
- ၀၇ ဇွန် ၂၀၂၄
ရခိုင်ပြည်၊ ကျောက်တော်မြို့မ
ရဲစခန်းတစ်ခုလုံး စခန်းစွန့်ခွာသွားကြောင်းသတင်း
ကျောက်တော်မြို့ရှိ မြို့မရဲစခန်းမှ
ရဲနှင့်စစ်သားအများအပြားသည် ယနေ့ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၂နာရီခန့်ကနေ
စခန်းမှစွန့်ခွာသွားကြသည်ဟု ကျောက်တော်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ရဲတွေရော
စစ်သားတွေရောပါတယ်။
အရေအတွက်ကိုသေချာမသိပါဘူး။ ရဲသားမိန်းမတွေလား စစ်သားမိန်းမတွေလား မသိဘူး အကုန်ပါတယ်။ များတယ်။
အထုတ်တွေခေါင်းပေါ်တင်ပြီး
သွား နေကြတယ်။သူတို့မိန်းမ တွေက ခြေလျင်သွားတာ တွေ့နေရတယ်။
အချုပ်ကားတွေနဲ့ကားအမဲ နှစ်စီးလည်း ပါတယ်" ဟုပြောသည်။
၎င်းတို့သည်
ကျောက်တော်တပ်မ စကခ(၉)ထံသို့ပူးပေါင်းသွားကြ
" ကစ္ဆပနဒီတံတားကိုဖြတ်ပြီးတော့
တပ်မဖက်ကိုသွားပူးပေါင်းကြတာ။
ဇန်နဝါရီလ ၁၄ရက်နေ့ကလည်း
ကျောက်တော်မြို့နယ်တောင်ဘက် စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ အမြောက်တပ်စခန်း အမတ
(၃၇၇)ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကန်စောက် ၅၃၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်က
တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်။
ရက္ခိုင့်တပ်တော်(AA)