- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန်၇/၂၀၂၄
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မိုးထဲလေထဲ စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးလာကြဲခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကျေးရွာနှင့် အနီးအနား ကျေးရွာများကို
ယနေ့ ဇွန်လ ၇ ရက် နေ့ နေ့လယ် ၂နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာ ဖြင့် ဗုံးလာကြဲခဲ့သည်ဟု ကျောက်တော် ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" ဗုံးက
၅ ကြိမ်လောက်လာချသွားတာ။ မိုးတွေကလည်း တအားရွာနေတဲ့ အချိန်ဆိုတော့ ဘာတွေထိခိုက်ပျက်စီးလေဆိုတာ မသိရသေးဘူး" ဟု ပြောသည်။
လက်ရှိ ညနေ ၃နာရီ အထိ ဂျက်ဖိုက်တာများဝဲပျံနေသဖြင့် ကြောက်လန့်၍ အန္တရာယ်ကင်းနိုင်မည်ဟု ယူဆရသည့်
နေရာများတွင် ပုန်းခိုနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
" ကိုယ့်ဖက်ကလည်းပစ်နေတယ်။ ဂျက်တွေဝဲနေလို့ အပြင်ကိုမထွကိရဲဘူး။ ပုန်းနေရတယ်" ဟုပြောသည်။
လက်ရှိတွင် ဝဲကြီးထောင့်ကျေးရွာနှင့် အနီးအနားရှိ ၊စံသာပြင် ၊လင့်ဇင် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
ကျောက်တော်မြို့နယ်ကို ရှောက်ချောင်းကျေးရွာတွင်လည်း
ယမန် နေ့ ဇွန်လ ၆
ရက်နေ့ နေ့လယ်က စစ်ကောင်စီ ဂျက်ဖိုင်တာတစ်စီးက လာရောက်ဗုံးကြဲခဲ့သည့်အတွက် အရပ်သားလူငယ် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။