- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ဆလိုင်းမိုးအောင်၊
နိရဉ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၄
ရခိုင်ပြည်၊
ဂွမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ
အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ ၆၀ ကျော်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံရသူများမှာ ဂွမြို့နယ်၊
ကုလားပြင်ကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့်
တိုင်ကျိုးစသည့် ကျေးရွာ ၃ ရွာမှ အမျိုးသမီးများအပါအဝင်
ဒေသခံပြည်သူ ၆၀ ကျော်ခန့်တို့ဖြစ်သည်ဟု သိရသည်။
ယမန်နေ့
သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းက
ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၆၃)တပ်ရင်းမှ တပ်သားများသည်
အဆိုပါကျေးရွာများသို့ ဝင်ရောက်လာပြီး
အကြောင်းတစ်စုံတစ်ရာမရှိဘဲ
ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး။ အဲဒီစစ်ကောင်စီတပ်ရင်းက တပ်သားတွေက
ကုလားပြင်ရွာထဲကို ဝင်လာပြီးတော့ လာဖမ်းသွားတာ။ အမျိုးသမီးတွေလည်း
ပါသွားတယ်။ ဇီးကုန်းရွာနဲ့ တိုင်ကျိုးရွာကလည်း
ဖမ်းသွားတယ်" ဟု ပြောသည်။
ထိုသို့ဖမ်းဆီးသွားပြီးနောက်
သူတို့ကို စစ်ကောင်စီတပ်က မည်သည့်နေရာကို ခေါ်ယူသွားကြောင်
အာရက္ခတပ်တော်(AA)က ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်တွင် တပ်စွဲထားသည့်
စစ်ကောင်စီ တပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်၊ ညနေ ၃ နာရီခန့်က စတင်ကာ
ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။
အဆိုပါဒေသအနီးတွင်လည်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေပြီးနောက် ယခုလို အရပ်သားအများအပြား ဖမ်းဆီးခံခြင်းဖြစ်သည်။
သြဂုတ်လ
၁၁ ရက်ကလည်း ကျိန္တလီမြို့ရှိ
ရဲစခန်းနှင့် အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀ နာရီကျော်အထိ
တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။