သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

နယ်လုံဝန်ကြီးဟောင်း ဦးထိန်လင်း ရခိုင်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရ၊ ဒေါက်တာအောင်ကျော်မင်း နိုင်ငံတော်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာ၊ ဒေါ်အေးနုစိန် ဗဟိုအကြံပေးသို့ရောက်ရှိသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.4k

နိရဉ္စရာ၊ ဖေဖော်ဝါရီ  / ၂၀၂၃

 

ယနေ့ ပြုလုပ်သည့် စစ်ကောင်စီ ရာထူးတာဝန် အပြောင်းအလဲတွင် ရခိုင်ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ နေရာတွင် ယခင်နယ်လုံဝန်ကြီးဟောင်း (အငြိမ်းစားဗိုလ်မှူးကြီး) ဦးထိန်လင်းကို ခန့်အပ်လိုက်ပြီး ယခင် ရခိုင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းမှာ နိုင်ငံတော်စစ်ကောင်စီအဖွဲ့ ဖြစ်လာကာ ယခင် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ဗဟိုအကြံပေးသို့ရောက်ရှိသွားကြောင်း သိရှိရသည်။  

 

ဦးထိန်လင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ယနေ့ ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး လက်မှတ်ဖြင့် ထုတ်ပြန်သည်။

 

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၁၉ အရ ယခင်ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဒေါက်တာအောင်ကျော်မင်းမှာ နိုင်ငံတော်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာကာ ယခင်က နိုင်ငံတော် စစ်ကောင်စီအဖွဲဝင်  ဒေါ်အေးနုစိန်ကို ဗဟိုအကြံပေးအဖွဲ့ဝင် အဖြစ် ခန့်အပ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဆက်စပ် သတင်းများ