သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

နက်စ်တယ်လ် Nestle မြန်မာနိုင်ငံ ထွက်ပြီ၊ စက်ရုံ နှင့် ရုံးများအားလုံး ပိတ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.2k

နိရဉ္စရာ၊ဖေဖော်ဝါရီ ၂၈/၂၀၂၃

နာမည်ကျော် ဆွစ်ဇာလန် စားသောက်ကုန် ကုမ္ပဏီ Nestle က မြန်မာနိုင်ငံတွင် ၎င်း ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းတော့မည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင်ထုတ်ဖော်ပြောကြားလိုက်သည်။ နှစ်နှစ်ကြာ စစ်အာဏာ သိမ်းမှုအပြီးတွင် Nestle သည် မြန်မာနိုင်ငံမှ နောက်ဆုံးထွက်ခွါသွားသည့် ပြည်ပကုမ္ပဏီဖြစ်လာသည်။ 

 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်ဘက်အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာ ရယူပြီးချိန်မှစ၍  နိုင်ငံတွင်း တစ်နေ့တခြား မတည်ငြိမ်မှုများ ဆိုးရွားလာခဲ့ရာ ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများဖြစ်သည့် Total နှင့် Chevron စွမ်းအင်ကုမ္ပဏီများ၊  နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော စသည်တို့ တစ်ခုပြီး တစ်ခု နိုင်ငံတွင်းမှ ထွက်ခွါခဲ့ကြသည်။ 

 

လက်ရှိ စီးပွားရေးအခြေအနေအရ န်ကုန်မှာရှိတဲ့ Nestle ရဲ့ စက်ရုံနဲ့ ရုံးချုပ်ရဲ့ လုပ်ငန်းလုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

 

Nestle သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ အသင့်သုံး Nestle coffee Maggi ခေါက်ဆွဲခြောက်၊ Milo ချောကလက် အဖျော်များ ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီဖြစ်သည်။ 

 

၎င်းတို့ အစား မြန်မာကုမ္ပဏီတစ်ခုက ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်ရှိ Nestle ထုတ်ကုန်များကို ဆက်လက် ဖြန့်ဖြူးပေးမည်ဟုလည်း သိရသည်။ 


ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာသူအားလုံးကို ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ထောက်ပံ့ကူညီသွားဖို့ ရှိပါတယ်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မြန်မာနိုင်ငံတွင် Nestle ကုမ္ပဏီ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအရေအတွက် မည်မျှရှိသည်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ NN-27

ref:cna 

ဆက်စပ် သတင်းများ