သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

လုံခြုံရေး တင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဉ္စရာ မတ် ၉/၂၀၂၃

လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ထဲတွင် " စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ကြ " ဆိုသည့် စာတမ်းကိုင်ဆောင်ကာ စစ်ကောင်စီကိုတော်လှန်သည့် တော်လှန်ရေး အဖွဲ့ပေါင်းစုံတို့ စုပေါင်းပြီး မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ပေါ်မှာ လမ်းလျှေက်ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။

အဆိုပါသပိတ်ကို မြို့နယ်တွေအလိုက် စျေးတစ်ချို့နှင့် လမ်းမတစ်ချို့တို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS) နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီတို့မှ ပူးပေါင်းပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရာအနှံ့တွင် ပုံစံအမျိုးမျိုးနှင့်အသွင်ယူ ရှိနေတတ်ကြတာကြောင့် သပိတ်မှောက်ဆန္ဒပြသည့် လူငယ်တွေအတွက် စိုးရိမ်မိကြောင်း စျေးသည်တစ်ဦးက ပြောသည်။

"ကလေးတွေအခုလိုရှိနေသေးတာအားရတယ်ရှင့်။ သူတို့လေးတွေလဲ မိဘ ညီအကိုမောင်နှမတွေနဲ့ လေ။ ဘေးကင်းကြပါစေ။ ဒီမှာက နေရာတိုင်းလိုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတယ်လေ။ ပြီးတော့ သူတို့က အရပ်ဝတ်နဲ့လဲရှိတော့ အခုကလေးတွေဘေးကင်းကြပါစေ" ဟု စျေးသည်တစ်ဦးပြောသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံများသည် လမ်းဆုံလမ်းခွ၊ စျေးနီး၊ ကျောင်းနီး နှင့် မီးပွိုင့်ရှိနေရာတိုင်းနီးပါးတို့တွင် လုံခြုံရေးအတွက်နေရာယူထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံ များထံမှ သိရှိရသည်။

လက်နက်အပြည့်ဖြင့် သက်ဆိုင်ရာနယ်မြေအလိုက် စစ်ကား ၃၊ ၄ စီးခန့်တို့ဖြင့်လည်း နေ့စဥ် ညနေပိုင်း အချိန်များတွင် ရပ်ကွက်တွင်း လှည့်လည်မှုများလည်းရှိကြောင်း သိရှိရသည်။ (NN - 25)

 

ဓာတ်ပုံ - ရန်ကုန်တွင် ယနေ့ မတ်လ ၉ ရက်နေ့ကပြုလုပ်ခဲ့သည့် သပိတ် (ပေးပို့)


ဆက်စပ် သတင်းများ