သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ကယားပြည်နယ် ဘောလခဲတွင် လေကြောင်းတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ၊ မတ်လ ၂၄ - ၂၀၂၃

 

ကယားပြည်နယ် ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးရှိ သစ်လုပ်ငန်းတစ်ခုအား မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက စစ်ကောင် စီတပ်၏ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ဦး သေဆုံးကာ ဦး ထိခိုက်ဒဏ်ရရှိခဲ့ ကြောင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ပြောသည်။

 

ယမန်နေ့ နေ့လယ် နာရီခန့်က ၎င်းသစ်လုပ်ငန်း လုပ်ကိုင်သည့်နေရာအာ ဂျက် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း BPDF ရဲဘော်တစ်ဦးက ပြောသည်။

 

ကျနော်တို့ မြေပြင်သတင်းတွေအရပဲ ပြောဆိုတာဖြစ်တယ်။ အဲ့လို ပြောဆိုတဲ့ နေရာမှာလဲ သက်သေ တွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ ပြောဆိုတာပါ။ သစ်လုပ်ငန်းလုပ်တဲ့နေရာဆိုတော့ ကားတွေလဲရှိတာပေါ့။ ပျက်စီးကုန်တာပဲ။ သေဆုံး ဦးနဲ့ ထိခိုက်ဒဏ်ရာရတာ ဦးပေါ့။ ဦးထဲက တစ်ဦးကလည်း စိုးရိမ်ရတဲ့ အနေအထား။

 

မြေပြင်၌တိုက်ပွဲဖြစ်ပွားနေသည့် အချိန်မဟုတ်ဘဲ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်တာဖြစ်ကြောင်း၊ ယခင်ကလည်း အဆိုပါရွာသည် တစ်ကြိမ်တစ်ခါမျှ ယခုလိုတိုက်ခိုက်ခံရဖူးခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်ဖက်မှ လေကြောင်းကနေ ထပ်မံဗုံးကြဲလာနိုင်သလို  မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်လာမည်ကို  စိုးရိမ်သဖြင့် ရွာသူရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

 

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကလည်း ဘောလခဲမြို့၊ ရေနီပေါက်ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုရှိခဲ့သည်။

 

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာများသို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့၍ နေအိမ် ၂၀ ကျော်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် ပျက်စီး ဆုံးရှုံးမှု (BPDF)

ဆက်စပ် သတင်းများ