သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

လားရှိုးတွင်သင်္ကြန်အကြိုနေ့၌ပင် မဏ္ဍပ်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၆ ဦးသေဆုံးကာ ၃ ဦးပြင်းဒဏ်ထိခိုက်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.5k

နိရဉ္စရာ၊ ဧပြီ ၁၃/ ၂၀၂၃


ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားဝန်းအနီး မဏ္ဍပ်တွင် ယနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။


၁ ရပ်ကွက် နယ်မြေ ၈ ထဲမှာ ဖြစ်တာ သေဆုံးရော ထိခိုက်ဒဏ်ရာရရော များတယ်။ ဆိုင်ကယ်တွေ ကားတွေရော ပျက်စီးကုန်တယ်ဟု ဖြစ်စဉ်နေရာအနီးရှိနေခဲ့သည့် ဒေသခံ တစ်ဦးက နိရဉ္စရာသတင်းဌာန ကို ပြောပါတယ်။


အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ဦးသေဆုံးကာ ၃ ဦး ပြင်းဒဏ်ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပေါ်ခဲ့ပြီး ဆိုင်ကယ်နှင့် ကားများလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အခြားထိခိုက်ဒဏ်ရာရှိမှုအနေဖြင့်လည်း ၈ ဦးခန့်ရှိကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။


ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများတွင် PDF များက ပြုလုပ်ခဲ့သည့်ဟု ရေးသားဖြန့် ဝေထားကြောင်း သိရှိရသည်။


ယခု နှစ်သင်္ကြန်ကို စစ်ကောင်စီမှ ဒေသလုံခြုံမရှိသည့် နေရာများတွင်လည်း စည်းကားအောင် ပြုလုပ်လျက်ရှိ ကြောင်း တွေ့ရှိရသည်။


စစ်ကောင်စီ ကျင်းပပြုလုပ်သည့် သင်္ကြန်ကို ပါဝင်ဆင်နွှဲမှု ပြုလုပ်ရန် တော်လှန်ရေး အဖွဲ့များက သင်္ကြန်မတိုင် ခင်ကာလများတွင် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။


သင်္ကြန်ကာလမတိုင်ခင်အချိန်များတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ ၏ သင်္ကြန်ရေကစား မဏ္ဍပ်များ အား သတိပေးဖောက်ခွဲမှု တချို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ (NN – 25)
ဓာတ်ပုံ - လားရှိုး မဏ္ဍပ် ဗုံးပေါက်ကွဲမှု

ဆက်စပ် သတင်းများ