သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

အိမ်စီးကားတစ်စီး ဘားအံတံတားအနီးပေါက်ကွဲမှု ဖြစ်၍ ယာဥ်မောင်းသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.9k

နိရဉ္စရာ၊ ဧပြီ ၂၂/၂၀၂၃

 

ကရင်ပြည်နယ်၊ ဘားအံတံတားနှင့် မြိုင်ကလေးလမ်းဆုံ အနီး ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိမ်စီးကား Nissan Xtrial အမျိုးစားယာဥ် တစ်စီး မောင်းနှင်လာစဥ် ပေါက်ကွဲမှု ဖြစ်ပွား၍ ယာဉ်မောင်း သေဆုံးသွားကြောင်း ဒေသတွင်း လူမှုကူညီရေး အသင်းများထံက သိရှိရသည်။

 

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ယာဥ်သည် သထုံဘက်မှ ဘားအံဘက်သို့မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး မိုင်တိုင် (၀/၅)ဖာလုံအရောက်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

 

အခင်းဖြစ်ပွားရာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး ဖြတ်သန်းယာဥ်များ စစ်ဆေးမှုနှင့် ပေါက်ကွဲယာဥ် သွားရာလမ်းကြောင်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရှိရသည်။

 

သေဆုံးသွားသည့် ယာဥ်မောင်းမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရှိရသေးဟု ပြောဆိုသည်။

 

စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတွင် အခင်းဖြစ်ပွားခဲ့သည့် ယာဥ်သည် အကြမ်းဖက်သမားများ၏ ကားဖြစ်ပြီး ယာဥ်ပေါ် ပါလာသူ တစ်ဦး ဒဏ်ရာများဖြင့်ထွက်ပြေးစဥ်ဖမ်းဆီးရမိခဲ့ကြောင်း ပြောဆိုထားသည်။

 

ထိုအပြင် ယာဥ်ပေါ်မှ ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ ကျည်အိမ် ၁ ခုနှင့် အဝေးထိန်း ခလုတ် ၁ ခုရှာဖွေတွေ့ရှိခဲ့ကြောင်းကိုလည်း ရေးသားထားသည်။

 

 (NN - 25) ဓါတ်ပုံ - အခင်းဖြစ်ပွားခဲ့သည့်ယာဥ် (လူမှုကွန်ယက်)

ဆက်စပ် သတင်းများ