သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် ရာအိမ်မှူး ၂ ဦးပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

(၎င်းရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး (၃)ဆက်စလုံး သေနတ်ဖြင့် ပစ်သတ်ခံရ၍သေဆုံး)


ယနေ့မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်မှ စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူး နှစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

 

သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးမှာ သုံးဆက်မြောက် ဦးတောက်တဲ့ (ခ) ဇော်လွင်ဖြစ်ပြီး နောက်ထပ် ရာအိမ်မှူး ၂ ယောက်လည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

 

ဒီမနက်ပစ်သတ်ခံရတာ ဒီရပ်ကွက်ရဲ့ ၃ ဆက်မြောက် အုပ်ကြီးတွေ ကျွတ်တန်းဝင်သွားတာပေါ့။ သူပြုတဲ့ ကံ သူခံရတာပဲဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်က စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူး (၃)ဦးစလုံးသည် ခန့်အပ်ပြီး များမကြာမီ တစ်ဦးပြီးတစ်ဦး ေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

 

အဆိုပါ ရပ်ကွက်တွင် စစ်ကောင်စီက ပထမခန့်သည့် အုပ်ချုပ်ရေးမှူး ခင်ဦးနှင့် ဒုတိယခန့်သည့် အုပ်ချုပ်ရေးမှူး သိန်းဇော်တို့သည်လည်း သေနတ်ဖြင့် ပစ်သတ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုသည်။

 

ထိုကဲသို့ ပစ်သတ်ခံရမှုကြောင့် စစ်ကောင်စီတပ်များက ရပ်ကွက်တွင်း ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေပြီး အနီး ရပ်ကွက်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

 

လက်ရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်သတ်ခံရမှု ဘေးပတ်ဝန်းကျင်အနီး သေနတ်ကျည်ခွံ၁၅ ခ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

စစ်ကောင်စီခန့်သည့် ရန်ကုန် ရပ်ကွက်တချို့မှ အုပ်ချုပ်ရေးမှူးများသည် လောင်းကစားများနှင့် မလွတ်ကင်းသည့်သူများဖြစ်ကြသလို တချို့မှာလည်း ရပ်ကွက်အတွင်းက လူဆိုးလူမိုက်များ ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆိုင်းဘုတ် (အင်တာနက်)

 

ဆက်စပ် သတင်းများ