သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ရန်ကုန် Honey Nest Bar ထဲက စစ်ဆေးခံရသူ ၃၀၀ကျော်ကိုခံဝန်ဖြင့်ပြန်လည်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ Honey Nest Bar ကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်နေ့က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် လူပေါင်း ၃၀၀ ကျော်ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုကကြောင်း  စုံစမ်းသိရှိ ရသည်။

အကြောင်းပြချက်ကတော့ ကာဖျူးကျော်ပြီးဖွင့်လိုတဲ့။ ရန်ကုန်မှာ လိုင်းကြေးပေးပြီး ကာဖျူးကျော် ဖွင့်တာတွေ တစ်ပုံကြီး အကုန်ဖမ်းပေါ့ဗျာ။ လိုင်းကြေး နည်းနည်းပဲရလို့နေမှာပေါ့ ဒါပဲရှိတာပဲဟု Bar သွားလေ့ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ဆိုင်အား ညမထွက်အရမိန့်ကို ကျော်လွန်၍ ဖွင့်လှစ်သည့်အတွက်ဟုဆိုကာ လုံခြုံရေး ပူးပေါင်း အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်းရှိ အယောက် ၃၀၀ ကျော်ကို စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟိုစစ်ဒီစစ်ပေါ့။ ဘားတွေ ကလပ်တွေမှာ မူးယစ်ဆေးဝါး ဆိုတာ ပိုက်ဆံရှိ အကုန်ရတယ်။ ဖမ်းပြီး စကစက ပြန်လွှတ်တာ မဆန်းပါဘူးဟု အနီးပတ်ဝန်းကျင် နေထိုင်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ညမထွက်အရအမိန့်ကျော်လွန်ပြီး ဆိုင်အတွင်းရောက်ရှိနေသူများကို စစ်ဆေးမှုများပြု လုပ်ပြီး ခံဝန်ဖြင့် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ညမထွက်အရအမိန့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းအတွင်းကတည်းက ည ၁၂ နာရီမှ နံနက် ၄ နာရီ အထိ သတ်မှတ် အမိန့်ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ Club များသည် ညမထွက် အရအမိန့်ကို ကျော်လွန်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပေါင်းဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံ များက ဆိုသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလပိုင်းအတွင်းက မရမ်းကုန်မြို့နယ်ထဲရှိ ကန်ရိပ်သာလမ်းတွင် ဖွင့်လှစ် ထားသည့် Brave Bar ကို လုံခြုံရေးများက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ဆိုင်းအတွင်းရှိလူ ၂၀၀ ကျော်ကို ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ဖူးသည်။ (NN – 25)

ဓာတ်ပုံ - Honey Nest Bar (၎င်းတို့၏ လူမှုကွန်ယက်)

ဆက်စပ် သတင်းများ