သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ လေ့ကျင့်ရေး ရဟတ်ယာဉ် (၁)စီး ပျက်ကျ၊ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသား တို့သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

စစ်ကောင်စီ၏ လေတပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ် ()စီးသည် ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ အနောက်တောင်ဘက် ()မိုင်အကွာတွင် ပျက်ကျခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှလည်း အတည်ပြု ပြောဆိုထားသည်။

၎င်း ရဟတ်ယာဉ်သည် နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းနေသည့်အချိန် စက်ချို့ယွင်း မှုဖြစ်ပေါ်ကာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရဟတ်ယာဉ်ပျက်ကျခဲ့မှုကြောင့် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသား တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး သေဆုံး ရဟတ်ယာဉ် အပိုင်းအစ သယ်ယူမှုများ၊ သေဆုံးအလောင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (NN – 25)

ဓာတ်ပုံ - စစ်ကောင်စီအသုံးပြုသည့် ရဟတ်ယာဉ် တစ်စီးအားတွေ့ရစဉ်

ဆက်စပ် သတင်းများ