သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီမှ “၂ သောင်းကျပ်တန်” ငွေစက္ကူသစ် ထုတ်ဝေသွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

စစ်ကောင်စီမှ “၂ သောင်းကျပ်တန်” ငွေစက္ကူထုတ်ဝေသွားမည်ဟု သိရှိရသည်။

အဆိုပါ ငွေစက္ကူကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်‌ဆောက်ပြီးစီးမှုအထိမ်းအမှတ်အဖြစ် လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်‌ဝေသွားမည်ဖြစ်ပြီး ငွေစက္ကူ အရွယ်အစားသည် အလျား(၁၅) စင်တီမီတာနှင့် အနံ(၇)စင်တီမီတာရှိမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ငွေစက္ကူအရောင်အား အစိမ်းနုရောင်အဖြစ် အရေအတွက် အကန့်သတ်ဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ထိုကဲ့သို့ ထုတ်ဝေရခြင်းသည် "မာရဝိဇယ"ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုနှင့် ဇူလိုင် ၂၃ ရက် ၂၀၂၂ ခုနှစ်က မွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ "ရဋ္ဌနန္ဒက"၏ ၁ နှစ် မွေးနေ့ အထိမ်းအမှတ်တို့ အဖြစ် ထုတ်ဝေခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

ငွေစက္ကူပုံစံသည် မျက်နှာသာဘက် ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်းနှင့် ငွေစက္ကူ အလယ်ပိုင်းတွင် ရတနာဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ယာဘက်တွင် စာသားဖြင့် ၂ သောင်းကျပ်ဟု ရေးသားပါရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ငွေစက္ကူ၏ အခြားမျက်နှာသာတစ်ဖက်တွင် စစ်ကိုင်းတံတားနှင့် ဧရာ၀တီတံတား (ရတနာပုံ) ပါရှိမည် ဖြစ်ပြီး အင်္ဂလိပ်ဘာသာြဖင့် CENTRAL BANK OF MYANMAR နှင့် TWENTY THOUSAND KYATS ပါရှိမည် ဖြစ်ကြောင်း သိရှိရသည်။

(NN – 25) ဓာတ်ပုံ - စစ်ကောင်စီထုတ်‌ဝေမည့် ၂ သောင်းတန် ငွေစက္ကူအမျိုးစားသစ်

ဆက်စပ် သတင်းများ