သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

တောင်ဥက္ကလာပရှိ Transporter Space club ကို စစ်ကောင်စီ၀င်ရောက်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Transporter Space club ကလပ်ကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ (၂၂) ရက်  နံနက် (၁)နာရီအချိန်က ၀င်ရောက် ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Club အတွင်း ဝင်ရောက်ဖမ်းဆီးမှုကြောင့် Club အတွင်း ရောက်ရှိနေသည့် အမျိုးသား ၁၀၂ ဦးနှင့် အမျိုးသမီး ၇၉ ဦးတို့အား ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

“၁၂ ခွဲကျော် ၁ နာရီလောက် ဝင်ဖမ်းတာ။ သတ်မှတ်ချိန်ကျော်ပြီး အမိန့်မလိုက်နာလို့ ဝင်ဖမ်းတာပါ မန်နေဂျာကို အမှုဖွင့်ထားပြီး”ဟု စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဆိုင်မန်နေဂျာကို ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့် မလိုက်နာခြင်းအတွက် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် သက်ဆိုင်ရာ ကအမှုဖွင့်ထားကြောင်း သိရှိရသည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပါအဝင် မြို့ကြီးများတွင် Club များ၊ Bar များနှင့် KTV များအား စစ်ကောင်စီက ဇွန်လကုန်ပိုင်းကတည်းက ယာယီပိတ်သိမ်းခိုင်းထားမှုများပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

ဇွန်လ ၁၃ ရက်နေ့ကလည်း မရမ်းကုန်း၊ အမှတ် (၁) ရပ်ကွက်ရှိ Honey Nest Bar နံနက် (၁)နာရီအချိန် ၀င်ရောက် ဖမ်းဆီးခဲ့ပြီး အမျိုးသား (၂၅၁) ဦးနှင့် အမျိုးသမီး (၁၁၈) ဦးအားဖမ်းဆီးမိကာ ခံဝန်ကတိဖြင့် ပြန်လည်လွတ်ပေးခဲ့ မှု ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ Honey Nest Bar & Night Club မန်နေဂျာကိုလည်း သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားခဲ့ကြောင်း သိရှိရသည်။ (NN – 25)

ဓာတ်ပုံ - Transporter Space club

ဆက်စပ် သတင်းများ