သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ဒေသ ၅ခုတွင် စစ်ကောင်စီက နယ်လုံဝန်ကြီးများ အစားထိုးခန့်အပ်


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်ပါ တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် စစ်ကောင်စီက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို စက်တင်ဘာလ ၁ ရက်နေ့က အစားထိုး ခန့်အပ်လိုက်သည်။

အစားထိုးခန့်အပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ဖြစ်ကြသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော် သူရ၊ ကယားပြည်နယ်တွင် ဗိုလ်မှူးကြီး မြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ဗိုလ်မှူး ကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူဇော်၊ ချင်းပြည်နယ်တွင် ဗိုလ်မှူးကြီး ဟန်ဝင်းအောင် အစား ဗိုလ်မှူး ကြီး သိန်းထွန်းအောင်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်း စိုးတို့ကို အစားထိုး ပြောင်းလဲ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများကို အစားထိုးခန့်အပ် တာဝန်ပေးလိုက်သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ် ထိုးထားသည်

မကြာသေးမီကလည်း အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်ဆင်ရေး တာဝန်များ ယူထားရသည့် အမှတ်(၁) စစ်ဆင်ရေးမှူးတာဝန်ကိုလည်း စစ်ကောင်စီ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ စစ်ကောင်စီက တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ရာထူးများကို အပြောင်းအလဲ ဆက်တိုက်လုပ် လာခြင်းမှာ စစ်ရေးအချိန်ကို မြှင့်တင်ရန်နှင့် လုံခြုံရေးကို တင်းကြပ်လိုသည့်အတွက် ဖြစ်နိုင်သည်ဟု မြန်မာ့အရေး လေ့ လာသူများက သုံးသပ်ကြသည်။


ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် နေပြည်တော်တိုင်းမှူးများကိုလည်း စစ် ကောင်စီက အပြောင်းအလဲ လုပ်ခဲ့ပြီး တနင်္သာရီတိုင်း ဒုတိုင်းမှူး သစ်လွှင်ထူးမှာ အရန်အင်အားအဖြစ် ပြောင်းရွေ့ခံခဲ့ရသည်။


လွန်ခဲ့သည့် ဇူလိုင်လအစပိုင်းမှ စစ်ကောင်စီက စစ်တပ် အဆင့်မြင့်ရာထူးများကို အပြောင်းအလဲ လုပ်ခဲ့ပြီး အရာ ရှိ ၆၀ ကျော်ကိုလည်း အနားပေးခဲ့ပြီး တချို့ကိုလည်း အရန်အင်အားကို ပို့ဆောင်ခဲ့သည်။

ဆက်စပ် သတင်းများ