သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီက ပေါက်တောမြို့သို့ အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်နေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုမှ ပေါက်တောမြို့သို့  ယနေ့ ည ၈ နာရီခန့်က စပြီး အတွဲလိုက်ဒုံးကျည်များဖြင့်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ (၁၄) ရက်၊ ည (၈) နာရီခန့်မှ စတင်ပြီး ယခုအချိန်အထိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော ရက္ခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တော မြို့ဘက်သို့  အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိနေကြောင်းဖြင့် ရက္ခိုင့်တပ်တော်ကလည်း သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်များသည် သူတို့တပ်ဖွဲ့များ ချေမှုန်းခံရလျှင် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် အဝေးက ရမ်းသန်းလှမ်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ်လေ့ရှိသည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့နယ် တောင်ဖူးဘက်တွင် စစ်ကူရန်လာသော စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားနေသည်ဟုလည်း မြေပြင် သတင်းရင်းမြစ်များအရ သိရသည်။

ပေါက်တောမြို့နယ်တွင်လည်း  ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော စစ်ကောင်စီ၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ ညနေ ၅ နာရီ ကျော်အချိန်ခန့်တွင် ရည်ရွယ်ချက်ရှိရှိဦးတည်၍ တမင်တကာ ရမ်းကားပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ နေအိမ် (၂) လုံး ပျက်စီးသွားခဲ့သည်ဟု အေအေက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။ (NN-30)

ပုံစာ- အပျက်အစီးများနှင့် တိုက်ပွဲများကြားက ပေါက်တောမြို့ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆက်စပ် သတင်းများ