သောကြာ၊ ဇူလိုင်လ ၅ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက တရုတ်နှင့် ရေနက်ဆိပ်ကမ်း နောက်ဆက်တွဲစာချုပ် (Addendum)ကို လက်မှတ်ရေးထိုး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum)ကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းလက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် Horizon Lake View Hotel ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ စာချုပ်အရ ကျောက် ဖြူအထူးစီးပွားရေး ဇုန်တွင်ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ အမြန်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းနောက်ဆက်တွဲစာချုပ် (Addendum)ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ် ရေးထိုးကြသည်ဟု သိရသည်။

အခမ်းအနားကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင်တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်းများစွာရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့် ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီး တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ၎င်း ဗိုလ်ချုပ်ကြီးက ပြောဆိုသည်။


၎င်းက ဆက်လက် ပြောကြားရာတွင် စစ်ကောင်စီ စီမံကိန်းကြီးမှ မြန်မာနိုင်ငံအတွက် ကျောက်ဖြူ ဒေသ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကိုဖန်တီးပေးနိုင်ရုံ သာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူ ပေးနိုင် မည်ဖြစ်ကြောင်း၊ ကျောက်ဖြူ စီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူး သက်သာစေမည်ဖြစ်သည်ဟု ပြောဆိုသည်။

၎င်းအခမ်းအနားကို CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်သည် သဘာ၀သံယံဇာတ အလွန်ပေါကြွယ်၀သော ပြည်နယ်တစ်ခု ဖြစ်သည်သာမက ပထဝီ အနေအထားအရလည်း အချက်အချာကျပြီး တိုးတက်နိုင်ရန် အခြေအနေများစွာရှိသော်လည်း အုပ်ချုပ်သူ အဆက်ဆက်က ဗဟိုကြိုးနီစနစ်အပါအဝင် လူမျိုးရေး အရ ခွဲခြားအုပ်ချုပ်မှုများကြောင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်နေရသည်ဟု ရွှေသဘာ၀ အရေး လှုပ်ရှားသူများက ပြောဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုမှ စစ်ကောင်စီသည်  ဒေါ်လာ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့သည်ဟု တရုတ်အကောက်ခွန် ဝန်ကြီးဌာန၏ စာရင်း အချက်အလက်များအရ သိရသည်။

စစ်ကောင်စီသည် ယခုနှစ် ၂၀၂၃ ဧပြီလ ရက်မှ ဒီဇင်ဘာလ ရက်နေ့အထိ () လတာအတွင်း ပြည်ပ နိုင်ငံများသို့  တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့ အမေရိကန်ဒေါ်လာ ( ဒသမ ) ဘီလီယံ ရရှိခဲ့ပြီး အများစုသည် ရခိုင်ရွှေသဘာ၀စီမံကိန်းမှ ဖြစ်ကြောင်း  MOC ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ် သတင်းများ