တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်၊ မွတ်ဆလင်ကျေးရွာများအနီး ပင်လယ်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်နေပြီး စစ်ကောင်စီ​၏မွတ်ဆလင်တပ်သားများကီု ကင်းပုန်းချထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.4k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၁၇/ ၂ဝ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများအနီး ပင်လယ်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်နေပြီး စစ်ကောင်စီလက်နက်ကိုင် မွတ်ဆလင်တပ်သားများက ကင်းပုန်းချ နေရာယူနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောချေ၊ ပလ္လင်ပြင်ကျေးရွာများအပါအဝင်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်နက်ကိုင်မွတ်ဆလင်တပ်သားများမှာလွန်ခဲ့သည့် မေလ ၁၃ ရက်နေ့ခန့်ကစပြီး မိုင်းထောင်နေကြပြီး ကင်းစခန်းချနေကြခြင်းဖြစ်ကြောင်း ထိုဒေသနေ မွတ်ဆလင်ပြည်သူတစ်ဦးက နိရဉ္စရာအားပြောသည်။

“ သူတို့မိုင်းထောင်တဲ့နေ့ကစပြီး ပင်လယ်ထဲငါးရှာနေတဲ့သူတွေ မသွားရဲကြတော့ဘူး။ ဘယ်သူမှ ကမ်းခြေဘက် မသွားရဲဘူး။ စစ်ကောင်စီက ခိုင်းထားတဲ့ မွတ်ဆလင်စစ်သားတွေနဲ့ သူတို့စစ်ကောင်စီတပ်သားတွေလည်း ပါပါတယ်။ ကမ်းခြေတလျှောက်မှာ ထောင်နေကြတာပါ” ဟုပြောသည်။

အဆိုပါ မွတ်ဆလင်ကျေးရွာသားအများစုမှာ ငါးဖမ်းစက်လှေလုပ်သားများဖြစ်ပြီး လက်ရှိတွင် ယခင်ကထက် စားဝတ်နေရေးကျပ်တည်းပြီး အစာ၊ အာဟာရပြတ်သူများပင်ရှိလာကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့ ဘယ်ကိုမှ သွားလာခွင့်မရှိပါဘူး။ စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားတာပါ။ NGO/INGO တွေကလည်း ဒုက္ခသည်တွေကိုပဲ ကူညီတာပါ။ အခုက ဒုက္ခသည် မဟုတ်တဲ့လူတွေလည်း ငတ်နေကြတာပါ။” ဟုပြောသည်။

စစ်တွေမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ယနေ့အချိန်အထိပြင်ပသို့ သွားလာခွင့်ပိတ်ပင်ထားပြီး မြို့ပတ်ပတ်လည်၊ မြို့တွင်းနေရာတချို့နှင့် ၎င်းတို့​၏ ကင်းစခန်းများအနီးအနားများတွင် မိုင်းများထောင်ထားသဖြင့် ဒေသခံတချို့မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်းသိရသည်။

ပုံ - စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာမှ ဒေသံများအားတွေ့ရစဉ်(ယခင်ပုံ)

ဆက်စပ် သတင်းများ