- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
(မြို့ထဲတွင် အရပ်သားတချို့ ပိတ်မိနေ)
သဉ္စာနွယ်/ နိရဉ္စရာ၊ မေ ၉ / ၂၀၂၄
ရခိုင်ပြည်၊ ကျောက်ဖြူခရိုင်၊စနဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးထပ်မံလာကြဲခဲ့သည့်အတွက် အပျက်အစီး တချို့ရှိကြောင်း သတင်းရရှိသည်။
စနဲမြို့ကို ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁၁နာရီ ခန့်က တိုက်ပွဲတစုံတရာဖြစ်ပွားခြင်း
“ မနေ့ကလည်း
လာကြဲတယ်။ ဒီနေ့လည်းထပ်ကြဲတယ်။ လူတော့အထိအခိုက်မရှိဘူး။ အပျက်အစီးတော့ နည်းနည်းရှိတယ်။ အိမ်တချို့နဲ့ အဆောက်အအုံတစ်ချို့လည်းမီးလောင်
စနဲမြို့ရှိ စျေးနှင့် ကားဂိတ်အနီးကို လာကြဲခြင်းဖြစ်ပြီး အဆောက်အဦတချို့ ပျက်စီးမှုရှိကြောင်း ၎င်းက ပြောသည်။
မြို့ထဲတွင်လည်း ထွက်မပြေးနိုင်သေးသည့် လူများလည်း အနည်းငယ်ရှိနေသေးသည်ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“စနဲမြို့က
UlA/AA ထိန်းချုပ်ထားတဲ့မြို့ဖြစ်တာကြေ
ယမန်နေ့ မေလ ၈ ရက်နေ့မနက် ရှစ်နာရီအချိန်ကလည်း စနဲမြို့ကို စစ်ကောင်စီဒရုန်းက ဗုံး ၇ လုံးထိကြဲချခဲ့ရာ တစ်လုံးမှာ ဈေးအပြင်တန်းဟင်းသီးဟင်းရွက်တန်
ယင်းအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ဖြူမြို့နယ် ဂန့်ဂါကျေးရွာကိုလည်း စစ်ကောင်စီ၏ တော်ဦးမော်ရေတပ်စခန်းအနီးက ဖရုံသီးကျွန်းတွင်ရပ်နားထားသည့် နေဗီမှ လက်နက်ကျည်များဖြင့် ပစ်ခတ်ခဲ့သည့် အတွက် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။