- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
တောင်ကုတ်မြို့နယ်၊ ဂျီဝကျေးရွာမှ ပန်းချီဝါသနာပါသောလူငယ်လေးတစ်ဦးသည် ပန်းချီကား မရေးဆွဲရလျင် မနေနိုင်အောင်ဖြစ်ဖြစ်လာ၍ ၄၆ မိုင်ဝေးသော သံတွဲမြို့သို့ ပန်းချီစာရွက်များကို ဝယ်ယူရန် သူ့ဆရာနှင့်အတူ ခြေ လျင်သွားရောက်ခဲ့ဖူးသည်။ ငယ်စဉ်ကတည်းက သူ၏ စိတ်ခံစားမှုများကို အရောင်နှင့်ဖော်ပြလိုပြီး အရောင်နှင့် အလုပ်လုပ်နေရလျင် ပျော်နေသူလည်း ဖြစ်သည်။ တချို့ပန်းချီဆရာများ၏ဘ၀သည် အဆင်မပြေတတ်။ ဆင်းရဲ ပင်ပန်းနေသည်ကို သူမြင်တွေ့နေခဲ့ရသော်လည်း သို့တစေ ပန်းချီဆွဲလိုစိတ်ကား ပြင်းပြထက်သန်လျက် ရှိနေခဲ့သူ ဖြစ်သည်။ သို့ဖြစ်၍ သူသည် ငယ်စဉ်ကတည်းကပင် ပန်းချီဆရာတဦး ဖြစ်ချင်ခဲ့သူဖြစ်ပြီး ယနေ့အချိန်တွင် အထူးခြားဆုံးလက်ရာ၊ အပြောင်မြောက်ဆုံး ရေဆေးပန်းချီကားများကို ရေးဆွဲသူဖြစ်လာနေသည်။ သူ့ အနေဖြင့် ရေဆေးပန်းချီကိုရေးဆွဲရာတွင် အနောက်တိုင်းပန်းချီ အကျော်အမော်များ၏ အဆင့်အတန်းကိုမီသော မြန်မာပန်း ချီကျော်တစ်ဦးဖြစ်နေသည်။ သူသည် တောရွာလေးတစ်ရွာတွင် ကြီးပြင်းလာခဲ့ရသူမို့ တီထွင်ဖန်တီးမှုရှိသည့် ဘဝကိုရရှိဖို့အတွက် အခွင့်အလမ်းများကိုဖန်တီးနိုင်ဖို့ ရန်ကုန်မြို့ရှိ ပန်းချီသင်တန်းကျောင်း၌ တက်ရောက်သင် ယူခဲ့သည်။ သူ့နာမည်မှာ ကိုမြင့်နိုင် ဖြစ်သည်။
ရေးဆေးသည် ရေးရခက်၍ ပန်းချီဆရာတိုင်း နိုင်နိုင်နင်းနင်း မရေးဆွဲနိုင်ကြချေ။ သို့သော် သူသည် ရေဆေးပန်း ချီကို ခုံမင်စွာနှစ်သက်ပြီး တစိုက်မတ်မတ်ရေးဆွဲလေ့ရှိသူဖြစ်ပြီး ပန်းချီပါရမီ ပါလာသူဖြစ်သဖြင့် သူ၏ လက်ရာ ကောင်း၊ ရေဆေးပန်းချီကားအများအပြားက နိုင်ငံခြားသို့ ရောက်ကုန်သည်။ သူ့အနေဖြင့် ဘ၀တစ်လျှောက်လုံး ပန်းချီရေးဆွဲခြင်းနှင့် ရပ်တည်နေသည့် ရေဆေးပန်းချီဆရာတဦးဖြစ်နေရပါသည်။အမြင်အာရုံနှင့် မြို့တွင်းမြင်ကွင်း ရှုခင်းများကို စိတ်ခံစားမှု အပြည့်နှင့် ဇောင်းပေးရေးဆွဲတတ်၍ သူ၏ပန်းချီကားများကို နိုင်ငံတကာ ပန်းချီ ပြပွဲ၊ ပြိုင်ပွဲများ၌ လူကြိုက်များနေရခြင်းဖြစ်သည်။
လက်ရာကောင်းသောပန်းချီကားများသည် နှစ်ပရိစ္ဆေဒကြာမြင့်သည့်တိုင်အောင် သိန်းသန်းချီ၍ အဖိုးတန်လျက် ရှိသည်။ ဓာတ်ပုံရိုက်၍မရသောအရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီပညာသည် မတိမ်ကောခြင်း ဖြစ်သည်။ ပန်းချီကားတစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘောပေါက်ပါက စိတ်တည်ငြိမ်ချမ်းမြေ့မှု အရသာကို ခံစားရသော သုခုမပညာရပ်တစ်ခု ဖြစ်နေ၍ ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် မဇ္ဈိမတံခါး ပန်းချီပြပွဲ တစ်ခုကို ပြုလုပ်ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက် နေ့ထိ သုံးရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် မဇ္ဈိမတံခါး ပန်းချီပြပွဲတွင် ရခိုင်လူမျိုးပန်းချီဆရာ ၄၄ ဦး၏ ပန်းချီကားချပ် ၁၆၀ ခန့်ကို ပြသခဲ့ရာ ယင်းအထဲမှ ပန်းချီကားချပ် ၈၀ ကိုရောင်းချခဲ့ရသည်။
ပန်းချီဆရာ ၄၄ ဦး၏ ပန်းချီကားချပ်များမှာ ရေဆေး၊ ဆီဆေးနှင့် Acrylic အမျိုးအစား ပန်းချီကားများ ဖြစ်ပြီး ရခိုင်နှင့်သက်ဆိုင်သည့် ယဉ်ကျေးမှု၊အနုပညာကျောက်ဆစ်လက်ရာများနှင့် ရခိုင့်ရှုခင်းပုံများ အများဆုံးပါဝင်နေ သည်ကို တွေ့မြင်ခဲ့ရသည်။
သုံးရက်တိုင်တိုင်ပြုလုပ်ခဲ့သည့် မဇ္ဈိမတံခါး ပန်းချီပြပွဲသို့ ပန်းချီကို စိတ်ပါဝင်စားသူများက နေ့တိုင်း၌ ရာနှင့်ချီပြီး လာရောက်ကြည့်ရှုခဲ့ကြသည်။ တစ်ချိန်က စာရေးသူတို့ ရခိုင်ဒေသ၌ မဇ္ဈိမတံခါး ပန်းချီ ပြပွဲမျိုးကို မမြင်တွေ့ခဲ့ရ။ အရင်က စစ်တွေမြို့၌ အထိမ်းအမှတ်နေ့များ၌ ပြုလုပ်သည့် Propaganda ပိုစတာပန်းချီကားမျိုးသာ မြင်ဖူးခဲ့ရ သည်။ မဇ္ဈိမတံခါး ပန်းချီပြပွဲ ဖြစ်မြောက်ရန် အဓိက ပါဝင်ကူညီ ပံ့ပိုးပေးခဲ့သူမှာ ကိုအေးထွန်း( ရွှေမြေကုမ္ပဏီ )မှ ဖြစ်သည်။
မဇ္ဈိမတံခါး ပန်းချီပြပွဲ၌ ပန်းချီကားများကိုပြသခဲ့သူ ပန်းချီမြင့်နိုင်ဆိုပါလျင် နိုင်ငံတကာ ရေဆးပန်းချီလော က၌ နာမည်ကြီးပြီး နိုင်ငံတကာဆုများစွာကို ရရှိထားသူဖြစ်သည်။ ဦးမြင့်နိုင်ကို ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်၊တနင်္ဂနွေနေ့တွင် အဖ ဦးမောင်ဖြူ ၊ အမိ ဒေါ်မြရီ ထံမှ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂျီဝကျေး ရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ သူ၏လက်ဦးဆရာမှာ တောင်ကုတ် မြို့မှ ပန်းချီဆရာဦးမောင်တုတ် ဖြစ်သည်။ ကိုမြင့်နိုင်ငယ်စဉ်က တောင်ကုတ်မြို့၌ အောက်ဒိုးလာရေးဆွဲသည့် ပန်းချီဆရာတစ်ဦးကို မြင်တွေ့ခဲ့ရချိန် ပန်းချီပိုးများက သူ့ထံသို့ ဝင်ရောက်လာခဲ့သည်။ တောင်ကုတ်မြို့၌ ပန်းချီ စာရွက်များ မရှိ၍ ၄၆ မိုင်ဝေးသော သံတွဲမြို့သို့ ပန်းချီစာရွက်များ ဝယ်ယူရန် သူ့ဆရာ ဦးမောင်တုတ်နှင့် အတူ ခြေ လျင်သွားရောက်ခဲ့ဖူးသည်။ ကားခပေးလျင် စာရွက်ဝယ်ယူရန် ပိုက်ဆံမလုံသောကြောင့် ဆရာတပည့်နှစ်ဦး ခြေ ကျင်သွားခဲ့ရခြင်းဖြစ်သည်။
ပန်းချီကို ဝါသနာပါလွန်းသော ကိုမြင့်နိုင်အနေဖြင့် အလယ်တန်းပညာအထိသာ သင်ယူခဲ့သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် (၃)နှစ်တက်ရောက်၍ ပညာ သင်ကြားခဲ့သည်။ ထိုအချိန် ကိုမြင့်နိုင်နှင့် ရခိုင်ဒေသမှ ပန်းချီသင်တန်းကျောင်းအတူ တက်ရောက်ခဲ့သူမှာ ပန်းချီထူးလှ (မြောက်ဦး ရှေးဟောင်းသုတေသန)တို့ဖြစ်သည်။ ကိုမြင့်နိုင်အနေဖြင့် ပန်းချီကျောင်းဆင်းပြီးကတည်းက ရေဆေးပန်းချီကား များကို ရေးဆွဲပြီး ဘဝရပ်တည်နေသူဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ဝါဝါဖြစ်ပြီး သားသမီးသုံးဦး ထွန်းကားခဲ့သည်။ သားအလတ်ဖြစ်သူ ရဲရင့်မြင့်နိုင်သည်လည်းအဖေဖြစ်သူ၏ ပန်းချီအမွေကိုဆက်ခံပြီး ရေဆေးပန်းချီဆရာတစ် ဦးအဖြစ်နှင့် ဘဝရပ်တည်နေသည်။
ကိုမြင့်နိုင်သည် ရေဆေးပန်းချီကို ခုံမင်စွာနှစ်သက်ပြီး တစိုက်မတ်မတ် ရေးဆွဲလေ့ရှိသူဖြစ်သည်။ ကိုမြင့်နိုင်၏ ပန်းချီကားများမှာ ဒေါ်လာ(၅၀၀၀) အထိ တန်ဖိုးရှိနေသည်။ ရေဆေးပန်းချီသည် သူအတွက် ပေါ့ပါးသလို အများ အားဖြင့် မြို့တွင်း၏မြင်ကွင်းများကို ရေးဆွဲဖြစ်နေသည်။ ကိုမြင့်နိုင် အများဆုံးရေးဆွဲဖြစ်နေသည်က ကိုလိုနီ အဆောက်အအုံများဖြစ်သည်။ ရေးဆေးပန်းချီသည် ရေးဆွဲရခက်သဖြင့် ပန်းချီဆရာတိုင်း နိုင်နိုင်နင်းနင်း မရေးဆွဲနိုင်ကြချေ။ သို့သော် ကမ္ဘာကျော် ပန်းချီကားကြီးများမှာ ရေဆေးဖြင့် ရေးခြယ်ထားသော ပန်းချီကားများပင် ဖြစ်နေရသည်။
ရေဆေးသည် များသောအားဖြင့် အရည်မဟုတ်၊ အရောင်အမျိုးမျိုးရှိသောဆေးခဲများဖြစ်၍ ဆေးရောင်မြဲစေ ရန် ကော်ရည်နှင့် ရောစပ်ထားသည်။ ရေးဆွဲသူသည် စုတ်တံကို ရေထဲ၌နှစ်ပြီးနောက် ရေကို အနည်းငယ်ခါချ ပြီးလျင် လိုသောအရောင်ရှိသည့် ဆေးခဲပေါ်တွင် သုတ်လိမ်း၍ စက္ကူပေါ်တွင် ရေးခြယ်ရသည်။ ရေဆေးပန်း ချီကားတစ်ခုကို မတူညီသော စုတ်ရာ၊စုတ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။၎င်းစုတ်ရာ၊ စုတ်ချက်များ သည် လှပသောရေဆေးပန်းချီကား ဖန်တီးဖို့ အတွက် အခြေခံကျသော brush strokes များလည်း ဖြစ်ကြသည်။
ပန်းချီမြင့်နိုင်သည် ရေဆေးမီဒီယံကိုခုံမင်နှစ်သက်သူတဦးဖြစ်သည့် အလျောက်ရေဆေးနှင့် Land- scape ပန်းချီကားများကိုသာ တောက်လျှောက်ရေးဆွဲခဲ့သူ ဖြစ်သည်။ သူ့ရင်ထဲ၌ အမြဲ ဖြစ်တည်နေသည့်တက်မက်ချဉ်ခြင်းက ပန်းချီကားများကို ရေးဆွဲပြသဖို့ဖြစ်သည်။
စစ်တွေမြို့၌ပြုလုပ်ခဲ့သည့် မဇ္ဈိမတံခါး ပန်းချီပြပွဲ ၌ သူ၏ပန်းချီကားများကို လာရောက် ကြည့်ရှုသူများက အထူးစိတ်ဝင်စားပြီး သူပြသာထားသည့် ပန်းချီကား များအားလုံး အရောင်း ထွက်ရှိခဲ့သည်။ နောက်တစ်ခုက သူဆွဲနေကျ ကိုယ်လုံးတီး Nude ပန်းချီကား အားလုံး သည်လည်း အသက်ဝင်လှုပ်ရှားနေခြင်းအား သူ၏ဖေ့စ်ဘုတ်စာမျက်နှာတွင် မြင်တွေ့နေရသည်။ မိန်းကလေး တစ်ဦး၊ သို့မဟုတ် မိန်းကလေး၏ ခန္ဓာကိုယ်အချိုးအဆစ်ပြေပြစ်မှုကိုဖော်ပြသည့် ကိုယ်နေဟန် အမျိုးမျိုးကို ရေး ဆွဲထားခြင်းအား မြင်တွေ့နေရသည်။ သူ့ရဲ့ Nude ပန်းချီကားများ၌ အရောင်ကို အားပြုရေးဆွဲထားခြင်းထက် အမျိုးသမီးတစ်ဦး၏ ကာယသဘာဝနှင့်အလှကို ပြသလိုခြင်းဖြစ်သည်။
ကိုမြင့်နိုင်က’’ ပန်းချီပညာရဲ့အဓိကရည်ရွယ်ချက်နဲ့ပန်းချီဆရာ ဆိုလိုရင်းပေါ်မူတည်လို့ အနှစ်သာရနဲ့ရသ အမျိုးမျိုးထွက်ပေါ်လာနိုင်သလို ပန်းချီဆရာသုံးစွဲသော မီဒီယံပေါ်ကိုလိုက်ပြီးလည်း အနုပညာအရသာမှာ တမူ ထူးခြားစွာ မျိုးစုံခံစားရရှိစေနိုင်ပါတယ်။ ထိုသို့ အမျိုးမည်စုံလင်တဲ့ သုံးစွဲခံပန်းချီပစ္စည်း ရေဆေးဆိုရင် ရှေးပဝေ သဏီကနေ ဒီကနေ့အထိအသုံးတွင်လျက်ရှိပြီး ကမ္ဘာ့ပန်းချီဆရာအများစု အကြိုက်ဆုံးမီဒီယံဖြစ်နေပါတယ်။ မြန် မာနိုင်ငံက ပန်းချီပြပွဲတွေမှာ ဟီရိဩတ္တပ္ပကင်းတယ်ဆိုပြီး Erotic Nude ပန်းချီကားတွေကို ပြပွဲ၌ မတင်ကြပါ ဘူး။ ကျွန်တော်ကတော့ အနုပညာကို နားလည်စေချင်သလို အနုပညာကို နားလည်အောင် လေ့လာကြပါလို့ လည်း တိုက်တွန်းချင်တယ်။ နောက်ပြီးတော့ မဇ္ဈိမတံခါး ပန်းချီပြပွဲလို တခြားပန်းချီပြပွဲတွေကို ရခိုင်ဒေသမှာ များများလုပ်ပေးသင့်တယ်။ ပန်းချီကားစုဆောင်းတတ်တဲ့ လူငယ်တွေလည်း ရခိုင်ဒေသမှာ ရှိလာစေချင် တယ်’’ ဆိုပြီး ပြောကြားထားသည်။
ကိုမြင့်နိုင်အနေဖြင့် ပြည်တွင်းပြည်ပ ပန်းချီပြပွဲပေါင်းများစွာ၌ ပြသခဲ့သူဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့သည့် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ ယင်းပြပွဲအတွက် ပေးပို့လာသည့် အနုပညာလက်ရာ ပန်းချီ ကားပေါင်း ၄၅၀ အနက်မှ မြန်မာနိုင်ငံမှ ပန်းချီမြင့်နိုင်၏ ပန်းချီကားက ပထမ၊ ထိုင်ဝမ်မှ ဒုတိယနှင့် အိန္ဒိယ မှ တတိယဆုတို့ ရရှိခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ IWS India မှရွေးချယ်ပေးအပ်သည့် ဆုကို ယင်းပန်းချီကားဖြင့်ပင် ရရှိခဲ့ဖူးသည်။
‘’ဒီပွဲက အိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် IWS India ရဲ့ ဒုတိယအကြိမ်နှစ်ပတ်လည် ပွဲဖြစ်ပါတယ်။ အဲဒီပွဲအ တွက် IWS အဖွဲ့ဝင် နိုင်ငံတွေကိုပြပွဲမှာပါဝင်ဖို့ ပန်းချီကားတွေတောင်းတာနဲ့ ဒီကားကို ကျွန်တော် ထည့်ပေးလိုက် တာပါ။ ဒီပန်းချီကားကတော့ ဆာကူရာတာဝါအပေါ်ကနေ ရန်ကုန်မြို့လယ်မြင်ကွင်းကို ရေးဆွဲထားတဲ့ ပန်းချီ ကားဖြစ်ပါတယ်။ သူတို့ဆီ ပေးပို့လာတဲ့ နိုင်ငံတကာကပန်းချီကားတွေထဲက ပထမဆု၊ ဒုတိယဆု၊ တတိယ ဆု ဆိုပြီး ပန်းချီကားသုံးကားကို ဆုပေးတယ်လို့သိရပါတယ်။ IWS India က ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ကမ္ဘောဒီးယား နိုင်ငံရဲ့မြင်ကွင်းတစ်ခုကို ရေးဆွဲထားတဲ့ ကျွန်တော့်ပန်းချီကားကို ဆုပေးအပ်ခဲ့ဖူးပါတယ်” ဆိုပြီး ပန်းချီ မြင့်နိုင်က စာရေးသူ အင်တာဗျူးမေးမြန်းစဉ်၌ ပြောကြားထားသည်။
ထို့ပြင် ပန်းချီမြင့်နိုင်သည် နိုင်ငံတကာမှပေးအပ်ချီးမြှင့်သည့် ရေဆေးပန်းချီလက်ရာ ဆုအချို့ကို ရရှိခဲ့ဖူးပြီး IWS Mexico မှ ပေးအပ်ချီးမြှင့်သည့် ပထမဆုကို Siem Riep Night အမည်ရ ပန်းချီကားဖြင့်လည်းကောင်း၊ အယ်လ် ဘေးနီးယားနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ရေဆေးပန်းချီ ပြပွဲတွင် Coffee Shop in Siem Riep ပန်းချီကားဖြင့် လက် ရာအကောင်းဆုံးပန်းချီကား ဆယ်ကား စာရင်းတွင် ပါဝင်ခဲ့ဖူးသည်။
မက္ကဆီကိုနိုင်ငံ ၊Thoughts Made of Water, International Watercolor Exhibition 2017 ပွဲတွင် First Place Award ၊ နှင့် တရုတ်နိုင်ငံ - The first David International Watercolor Competition and International Watercolor Celebrity Invitational Exhibition 2017 ပြပွဲတွင် Excellence Award တို့ကို ရရှိခဲ့သည်။ ဦးမြင့်နိုင်၏ 'ရန်ကုန်မြင်ကွင်း’အမည်ရ ရေဆေးပန်းချီကားကို ၂၀၁၈ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်)မှ စု ဆောင်းမှု ပြုခဲ့သည်။ ဦးမြင့်နိုင်သည် IWS(International Watercolor Society)နှင့် IMWA(International Masters of Watercolour Alliance)တို့တွင် အသင်းဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ယနေ့အချိန်အထိ ရေဆေးပန်းချီကို ခုံမင်စွာနှစ်သက်ပြီး တစိုက်မတ်မတ် ရေးဆွဲလေ့ရှိသူဖြစ်နေပါသည်။
ရေဆေးပန်းချီ၏ သဘောသဘာဝက အရာဝတ္ထုပုံရိပ်တစ်ခု၏ ဗီဇသဘောဟန်ကိုမိအောင် ဖမ်းယူခြင်းဖြစ် သည်။ အလင်းအမှောင်ကိုလည်းမိအောင်ဖမ်းနိုင်ပြီး အသားသဘော Texture မျက်နှာပြင် ကိုလည်း မှတ်ယူနိုင်ရ မည်ဖြစ်သည် ထိုအပြင်တင်္ဂခဏ ပုံရိပ်တစ်ခုသဘာဝကိုလည်း ဖမ်းယူမှတ်သားထားနိုင်ပါမှ မိမိကြိုက်နှစ်သက် သည့် ခံစားမှုရသကို ထိမိအောင် ဖော်ပြနိုင်ခြင်း ဖြစ်သည်။
နိဂုံးချုပ်ရပါလျင် ပန်းချီဝါသနာပါသည့်လူငယ်များအတွက် ပန်းချီဆွဲရန် သင်ထောက်ကူပစ္စည်းများကို ရခိုင် ဒေသရှိမြို့များ၌ ရောင်းချပေးရန်လိုအပ်နေသည်။ ပန်းချီပြပွဲ၊ကဗျာရွတ်ပွဲများက လူ့ပတ်ဝန်းကျင်၌ ရှိနေဖို့ လိုအပ်နေခြင်းက လူငယ်များကို အနုပညာခံစားတတ်စေပြီး၊ အနုပညာနှင့် ယဉ်ပါးလာ မည်ဖြစ်သလို နလုံးသားအာဟာရများလည်း ရရှိလာမည်ဖြစ်သည်။
တောရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ပြီး ကမ္ဘာကျော်ဖြစ်လာသော ရခိုင်ပန်းချီဆရာ ကိုမြင့်နိုင် သည် ယနေ့အချိန် တွင် ရန်ကုန်မြို့၊တာမွေ ၊ကျောက်မြောင်း၊သာမာဓိလမ်းတွင် မိသားစုနှင့်အတူ နေထိုင်လျက်ပြီး ပန်းချီဆွဲခြင်းဖြင့် ဘဝရပ်တည်လျက် ရှိနေပါသည်။
အောင်ကြည်မိုး(သင်းပုန်းတန်း)
(နောက်ဆက်တွဲ)
ဆရာမြင့်နိုင်နှင့် ပတ်သက်ပြီး ဝီကီပီးဒီးယားတွင် ဖော်ပြချက်
မြင့်နိုင်ကို ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂျီဝကျေးရွာ၌ မွေးဖွားခဲ့သည်။ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ (၃)နှစ်တက်ရောက်၍ ပညာသင်ယူခဲ့သည်။ သူသည် ရေဆေးပန်းချီကို ခုံမင်စွာနှစ်သက်ပြီး တစိုက်မတ်မတ်ရေးဆွဲလေ့ရှိသူဖြစ်သည်။ IWS(International Watercolor Society)နှင့် IMWA(International Masters of Watercolour Alliance)တို့တွင် အသင်းဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ပြည်တွင်းပြည်ပ ပန်းချီပြပွဲပေါင်းများစွာ ပြသခဲ့သူဖြစ်သည်။ မက္ကဆီကိုနိုင်ငံ - Thoughts Made of Water, International Watercolor Exhibition 2017 ပွဲတွင် First Place Award ၊ အိန္ဒိယနိုင်ငံ - Harmony Through Watercolor 2017, 2nd International Watercolor Socieity India Biennale ပွဲတွင် 1st Winner (Landscape) Award ၊ အယ်လ်ဘေးနီးယားနိုင်ငံ - 2nd Tirana International Watercolor Biennale 2017 ပြပွဲတွင် TOP 10(ten) Landscape Artist Award and IWS India Award နှင့် တရုတ်နိုင်ငံ - The first David International Watercolor Competition and International Watercolor Celebrity Invitational Exhibition 2017 ပြပွဲတွင် Excellence Award တို့ကို ရရှိခဲ့သည်။ သူ၏ 'ရန်ကုန်မြင်ကွင်း’အမည်ရ ရေဆေးပန်းချီကားကို ၂၀၁၈ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်)မှ စုဆောင်းမှု ပြုခဲ့သည်။
ရရှိခဲ့သော ဆုများ
2017 |
TOP 10(ten) Landscape Artist Award and IWS India Award 2nd Tirana International Watercolor Biennale 2017 (Mar. 12 – Apr. 12, 2017), National Historical Museum, Tirana, Albania. |
2017 |
First Place Award Thoughts Made of Water, International Watercolor Exhibition 2017, (Oct. 6 – Nov. 5, 2017), IWS Mexico. |
2017 |
Excellence Award The first David International Watercolor Competition and International Watercolor Celebrity Invitational Exhibition (Oct. 22 – Nov. 5, 2017), Shandong Qilu Museum of Art ( Jinan, Shandong, China ). |
2017 |
1st Winner(Landscape) Award Harmony Through Watercolor 2017, 2nd International Watercolor Socieity India Biennale, (Dec. 8 – 14, 2017), AIFACS, New Delhi. |
ပြသခဲ့သော ပြပွဲများ
1993–1994 |
New Treasure Art Gallery Member, Yangon. |
1995 |
Orient Art Gallery Group Show, Yangon. |
1998 |
Myanmar Art 98, Lokanat Galleries, Yangon. |
1999 |
Platinum Art show, Lokanat Galleries, Yangon. |
2000 |
Outdoor Watercolour Group Exhibition, Lokanat Galleries, Yangon. |
2000 |
Artist Touch Art Exhibition, Lokanat Galleries, Yangon. |
2001 |
Year 2001 Art Exhibition, Art & Artisans Association Show Room, Yangon. |
2002 |
North Dagon Artist Group Show, Art & Artisans Association Show Room, Yangon. |
2006 |
The Myanmar Gallery of Contemporary Art (MGCA) Member, Yangon. |
2007 |
Colourful Petals Art Exhibition, Art & Artisans Association Show Room, Yangon. |
2008 |
The Givers Art Exhibition |
2008 |
Contemporary Art of Myanmar, Singapore. |
2009 |
The Mandalay Arm Art Show (Mandalay 150th Anniversary) |
2010 |
Orient Art Gallery Group Show, Yangon. |
2011 |
The Friends Art Exhibition, School of Fine Arts, Yangon. |
2011 |
Horizons Art Gallery Group Show, Yangon. |
2013 |
Paper in the Rain, Myanmar Ink Art Gallery, Yangon. |
2013 |
The 3rd Asia Watercolour Artists Network Exhibition |
2014 |
The 3rd Global Network of Watercolor Painters, Shanghai Hongqiao Contemporary Art Museum, Shanghai, China. |
2014 |
Watercolour 2014 Art Show, Gallery 65, Yangon.[၁] |
2015 |
Watercolour 2015 Art Show, Gallery 65, Yangon. |
2016 |
Watercolour 2016 Art Show, Gallery 65, Yangon. |
2016 |
Myanmar and Khon Kaen University Artist Relationship Art Exhibition, Khon Kaen University, Thailand |
2016 |
Watercolour Exhibition for the 234th Year of RATTANAKOSIN, 333 Gallery, Bangkok, Thailand. |
2016 |
Asian Watercolor Art Workshop & Exhibition 2016 (Jun. 17 – 21, 2016), Krabi, Thailand. |
2016 |
Asian Watercolour Expression III - 2016, Bandung, West Java, Indonesia. |
2016 |
Myanmar Art Italy 2016 Art Exhibition, Milan, Italy. |
2016 |
1st International Watercolour Biennale, Thailand 2016, Thailand. |
2016 |
Myanmar – Thailand Watercolour Art Exhange And Workshop, 2016, Yangon. |
2016 |
The Third Silk Road International Festival, International Art Exhibition 2016, (Sept. 7 – 21, 2016), Shaanxi Province Art Museum, Xi'an, China. |
2016 |
International watercolour festival cum plein air workshop, Nepal. |
2017 |
2nd Tirana International Watercolor Biennale 2017 (Mar. 12 – Apr. 12, 2017), National Historical Museum, Tirana, Albania. ( TOP 10(ten) Landscape Artist Award and IWS India Award ) |
2017 |
Watercolour 2017 Art Show, Gallery 65, Yangon. |
2017 |
The Fourth Silk Road International Arts Festival, (Sept. 7 – 21, 2017), Shaanxi Province Art Museum, Xi'an, China. |
2017 |
Thoughts Made of Water, International Watercolor Exhibition 2017, (Oct. 6 – Nov. 5, 2017), IWS Mexico. ( First Place Award ) |
2017 |
The first David International Watercolor Competition and International Watercolor Celebrity Invitational Exhibition (Oct. 22 – Nov. 5, 2017), Shandong Qilu Museum of Art ( Jinan, Shandong, China ). ( Excellence Award ) |
2017 |
Watercolor And Love, 2nd International Watercolor Biennale - 2017, (Oct. 23 – 30, 2017), IWS Vietnam, Hanoi Museum, Vietnam. ( Demonstration ) |
2017 |
Harmony Through Watercolor 2017, 2nd International Watercolor Socieity India Biennale, (Dec. 8 – 14, 2017), AIFACS, New Delhi.( 1st Winner(Landscape)Award ) |
2018 |
Watercolor 2018 Art Exhibition, Gallery 65, Yangon. |
2018 |
Penang Watercolour Society 35th Anniversay exhibition (April. 4 – 19, 2018), Penang State Art Gallery. |
2018 |
Watercolor Painting Exhibition, Hochiminh City Fine Arts Association (May. 15 - 25, 2018), Vietnam. |
2018 |
Colour of Friendship, Thailand & Myanmar Art Exhibition, (June, 7 - 14, 2018), National Museum, Yangon. |
2018 |
TURKEY AND MYANMAR "Meet Love & Peace & Tolerance" Mixed Art Exhibition, (July. 18 – 25, 2018), IWS FIRÇA Art Gallery, Ankara, Turkey. |
2018 |
"Our Wonderful World" Ukraine 2018, International watercolor exhibition, (July, 15 – 22, 2018), Kharkov, Ukraine. |
2018 |
The Fifth Silk Road International Arts Festival 2018, Shaanxi Province Art Museum, Xi'an, China. |
2018 |
Demonstration @ K Village Art Gallery, (October, 6 – 7, 2018), K Village, Bangkok. |
2019 |
Peaceful Golden Heritage 2019, 1st International Watercolor Festival Myanmar, The Strand Hotel Ballroom, Yangon. (Jan. 29 – Feb. 1, 2019) |
2019 |
Watercolor 2018 Art Exhibition, Gallery 65, Yangon. |
2019 |
The 3rd International Watercolour Biennale Iws Vietnam 2019 (April. 20 – 30, 2019), Hochiminh City Fine Arts Museum, Vietnam. |
2019 |
The Sixth Silk Road International Arts Festival 2019, Shaanxi Province Art Museum, Xi'an, China. |
2019 |
Blue Lake-Heaven Qingdao International Watercolor Exhibition 2019, China. |
2019 |
Hay Manda Art Exhibition, The Strand Hotel, Yangon. (December, 26 - 27, 2019) |
2020 |
Southeast Asia Watercolour Exhibition, National Art Gallery, Langkawi, Malaysia. (16/09/2020 – 30/11/2020) |
2020 |
Exposition Internationale D’aquarelle , ALBI France & HCMC Vietnam. |
2020 |
“JIWI Autumn Watercolor masterpieces” Internet Exhibition, Japan. |