- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
လင်းအာရုံသစ်
နိရဉ္စရာ(ဆောင်းပါး) ဩဂုတ် ၁၇/ ၂၀၂၃
ရွေးကောက်ပွဲ မဲမသာမှု
ကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကို
ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတာကို တတွတ်တွတ်ပြောပြီး ၄င်းတို့အာဏာကို
သက်တမ်းတိုး ဆက်ယူနေပါတယ်။
စစ်ကောင်စီက ဇူလိုင်
၃၁ ရက်နေ့မှာ
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး
ခေါ်ဆိုပြီး ‘သာမန်မဟုတ်သည့်
အခြေအနေ’ဆိုတဲ့
အကြောင်းပြချက်နဲ့ နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်
ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့
အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်ကာလ ၁ နှစ် သက်တန်းသတ်မှတ်ထားတဲ့
စစ်ကောင်စီဟာ တစ်နှစ် ပြည့်ပြီးနောက်မှာလည်း ခြောက်လတကြိမ်
သက်တမ်းတိုးမှုက ၄ ကြိမ်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိ
မိုခါ မုန်တိုင်းတိုက်ပြီး
နှစ်လပြည့်ဖို့ ရက်ပိုင်းအလိုမှာ စစ်ကောင်စီဥက္ကဋ္ဌ ရခိုင်ကို
ရောက်လာပါတယ်။ အဲဒီခရီးစဉ် မှာ ရွေးကောက်ပွဲ ကိစ္စ ထပ်ပြောတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လ
အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လျာထားကြောင်း
ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကို
စီစဉ်ထားတဲ့အတိုင်း ၂၀၂၃ ခုနှစ်အတွင်းမှာ ပြုလုပ်သွားမယ်ဆိုတဲ့
အကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ
စစ်ကောင်စီခေါင်းဆောင်က ရုရှားသတင်းဌာနနဲ့ တွေ့ဆုံရာမှာ လည်း
ပြောခဲ့ပါသေးတယ်။
မကြာခဏ
ပြောနေတဲ့ ရွေးကောက်ပွဲ အာမခံချက်
“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
ပြီးခဲ့တဲ့ မေ
၂၂ ရက်က ပဲခူးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံရာမှာ
စစ်ကောင်စီခေါင်းဆောင် က ရွေးကောက်ပွဲပြန်လည်ကျင်းပပြီး
ရွေးကောက်ခံ အစိုးရကို နိုင်ငံ့တာဝန်တွေ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်
(၇၅) နှစ်မြောက်
စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား
ရွေးကောက်ပွဲအာမခံချက် ဘယ်လောက်ပင်ပေးပေး
နိုင်ငံတကာကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ် ပြုဖို့
မရှိသေးပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာကလည်း နိုင်ငံတည်ငြိမ်ရေးနဲ့
တိုက်ရိုက် သက်ဆိုင်နေပါသေးတယ်။
လုံခြုံရေးအခြေအနေ
စစ်ကောင်စီဟာ တိုင်းနဲ့
ပြည်နယ်အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းကိုးခုမှ မြို့နယ်
၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
ရန်ကုန်တိုင်းက
ခြောက်မြို့နယ်၊
ချင်းပြည်နယ်က ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်၊
ပဲခူးတိုင်းက ငါးမြို့နယ်၊ မကွေးတိုင်းက ငါးမြို့နယ်၊ ကယားပြည်နယ်က လေးမြို့နယ်၊
မွန်ပြည်နယ်က တစ်မြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ် နဲ့ တနင်္သာရီတိုင်းက
နှစ်မြို့နယ်တို့ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတာပါ။
တစ်နိုင်ငံလုံးမြို့နယ်
၃၃၀ ရှိတဲ့ထဲက ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈
မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်၊
လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅
မြို့နယ်ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ
ပြောသွားပါတယ်။
ရွေးကောက်ပွဲအတွက်
ပြင်ဆင်
ဒါပေမယ့် စစ်ကောင်စီဟာ
သူတို့ ပြောနေသလို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်စရာတွေကို
ဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ပြဋ္ဌာန်းပြီး တည်ဆဲနိုင်ငံရေး
ပါတီတွေကို ပြန်လည်လျှောက်ထားစေခဲ့ပါတယ်။
UEC ကို လာလျှောက်ထားတဲ့
နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိတဲ့အထဲက မေ ၂၂ ရက်အထိ နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၁၈ ပါတီသာရှိသေးပြီး ကျန်ပါတီတွေကို
စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စိစစ်ဆဲပါတီစာရင်းမှာ ရခိုင်က
အင်အားအကြီးဆုံး ရခိုင်အမျိုးသားပါတီ ( ANP) ပါဝင်နေသေးပြီး ဒေါက်တာအေးမောင်
ခေါင်းဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ အပါအဝင် ရခိုင်က မျိုးနွယ်စုပါတီငယ်၅
ပါတီကို ပါတီ မှတ်ပုံတင်ခွင့် ချပေးထားပါတယ်။
မှတ်ပုံတင်ချပေးထားတဲ့
ပါတီတွေကိုလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ မပတ်သက်ဖို့
ဖိအားပေးပြောဆိုတာတွေ လုပ်နေပါသေးတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်
နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကြား
လူသားချင်း စာနာထောက်ထားမှု
လိုအပ်ချက် ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စလို့
အခုချိန်ထိ အပစ်ရပ်
ထားပါသေးတယ်။
လက်ရှိအနေအထားမှာ ရခိုင်မှာ
ရက္ခိုင့်တပ်တော်က ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်သူ့အစိုးရ ကို လူထုထောက်ခံမှုရှိနေပြီး
ရွေးကောက်ပွဲ ကျင်းပဖို့ဆိုရင်တောင် ရက္ခိုင့်တပ်တော်ရဲ့သဘောထားက အက္ခရာ
ကျလှပါတယ်။
UEC က လက်ရှိကာလကို ရွေးကောက်ပွဲအကြိုကာလအဖြစ်
သတ်မှတ်ထားပြီး အခြေခံမဲဆန္ဒရှင် စာရင်းကောက်တာ တွေ
၊ ပါတီတွေနဲ့ တွေ့ပြီး လမ်းညွှန်ချက်တွေ ပေးနေတာတွေ လုပ်နေပါတယ်။
စစ်ခေါင်းဆောင် ပြောနေသလို
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးက
အဓိကကျပါတယ်။ အခုလို နိုင်ငံတဝန်းမှာ တော်လှန်ပုန်ကန်မှုတွေ ဆက်ရှိနေတဲ့
ကာလမှာ ရွေးကောက်ပွဲဖြစ်လာစရာ မမြင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက
ပြောပါတယ်။
စစ်ကောက်စီ
သက်တမ်းတိုး အကြောင်းပြချက်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၄၂၅ မှာ အရေးပေါ်သက်တမ်းကို(၆)လ၊ (၂)ကြိမ်တိုးနိုင်တယ်လို့
ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မဲစာရင်းများစစ်ဆေးအတည်ပြုခြင်း
အာဏာသိမ်း ၆ လပြည့်
စစ်ကောင်စီဥက္ကဋ္ဌ
မိန့်ခွန်းမှာ “ရွေးကောက်ပွဲအတွက်
ပြင်ဆင်ချိန် ၆ လ
ပေးပြီးဆောင်ရွက်ရမည်ဖြစ်ကြော
အရေးပေါ်ကာလ ၁
နှစ်ပြည့်ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက် ကာလုံအစည်းအဝေးမှာ အရေးပေါ်အခြေအနေကာလကို
(၆)လသက်တမ်း တိုးခဲ့ပြီး အချိုးကျ ကိုယ်စားပြု စနစ် (PR) ကို ပြောင်းလဲပြီးရွေးကောက်ပွဲကျင်း
နောက် ၆
လအကြာ ၂၀၂၂ ဇူလိုင်လ ၃၁ ရက်နေ့မှာလည်း ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊
နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲစနစ်နှင့် ဆီလျော်ရန်
ပြုပြင်ခြင်း ၊ လူထုကို အသိပညာပေးရန် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောက်ထပ်
အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်တိုးပြန်ပါတယ်။
၂၀၂၃ ဇန်နဝါရီ ၃၁ ရက်
ကာလုံအစည်းအဝေးမှာလည်း သာမန်မဟုတ်သည့် အခြေအနေဆိုကာ ၃ ကြိမ်မြောက် အရေးပေါ်ကာလ ၆ လ
ထပ်တိုးခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး တည်ငြိမ်ရေးနှင့်
တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်မြှင့်ရန် လိုသေးတယ်ဆိုပြီး
၂၀၂၃ ခု ဇူလိုင်လ ၃၁ ရက်နေ့ ကာလုံအစည်းအဝေးမှာ အရေးပေါ်ကာလ သက်တမ်း ၆ လကို လေးကြိမ်မြောက်
ထပ်တိုးခဲ့ပြန်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
စစ်ကောင်စီကျင်းပမယ့်
ရွေးကောက်ပွဲ နဲ့ တရုတ် ရဲ့ ပတ်သက်မှု
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးလို့
အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာက ပြောနေချိန်မှာ တရုတ်နိုင်ငံကတော့
စစ်ကောင်စီနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးနေပါတယ်။
“စစ်ကောင်စီက
သူ့သက်တမ်းကို နောက်ထပ်ခြောက်လတိုးခဲ့သလို ရွေးကောက်ပွဲလုပ်နိုင်ရေးကိုလည်
စစ်ကောင်စီရွေးကောက်ပွဲ အစီအစဉ်ထဲမှာ
တရုတ်ရဲ့ပါဝင်ပတ်သက်မှုဟာ အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်ပြီးချိန်
၂၀၂၂ ဧပြီလက စတယ်လို့ ဆိုရပါမယ်။
ရွေးကောက်ပွဲကျင်းပနိုင်ရေး ဥပဒေနဲ့နည်းဥပဒေတွေ
ပြင်ဆင်ပြဌာန်းတာ၊ မဲဆန္ဒရှင်စာရင်း ပြုစုတာ၊ နိုင်ငံရေးပါတီတွေ
စိစစ်ရေး အခြေအနေ တွေကို သိရှိဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုး ဆီကို တရုတ် သံအမတ် မစ္စချန်းဟိုင်က ၂၀၂၂ ခု ဧပြီ ၂၀
မှာသွားရောက်မေးမြန်းတာစလုပ်ပါ
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့
ပြင်ဆင်မှုအခြေအနေတွေကို သိနိုင်ဖို့ဆိုပြီး တရုတ်သံအမတ်ဟာ ၂၀၂၃
ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှာ ဦးသိန်းစိုးကို ဒုတိယအကြိမ် သွားမေးပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်
၂၁ ရက်နေ့ မှာတော့ တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
မစ္စတာ ချန်းဟိုင်ကျွမ့် ကို နန်နင်းမြို့အခြေစိုက်တွင် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်
ဦးကျော်စိုးသိန်း က တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးအခြေအနေတွေကို
တင်ပြတယ်လို့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်မှာ
ပါဝင်ပါတယ်။
ပြီခဲ့သည့် ဇူလိုင်
၂၆ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ဖိတ်ကြားချက်အရ စစ်ကောင်စီ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှ
ဩဂုတ်လ ၁ ရက်နေ့ကလည်း
ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ
ရွေးကောက်ပွဲအတွက်
တရုတ်နိုင်ငံက ကူညီပေးနေပေမယ့် နိုင်ငံတဝန်း စစ်မီးဟုန်းဟုန်း တောက်နေချိန်မှ
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးဝင်းမြင့် တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် အချို့ကို
လျှော့ပေးခဲ့ပါတယ်။ ယင်းမတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး
ဒွန်နဲ့ တွေ့ခွင့်ပေးခဲ့ပါသေးတယ်။
စစ်ကောင်စီက သူတို့အကျပ်အတည်းကနေ
ရုန်းထွက်ဖို့ နိုင်ငံရေး စတိုရီတစ်ပုဒ်ရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို
အသုံးချလာနေတာဟာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေရဲ့
လုပ်ရိုးလုပ်စဉ်သာဖြစ်တယ်လို့ မြန်မာနိုင်ငံရေးလေ့လာသူတွေက
ပြောဆိုပါတယ်။
စစ်ကောင်စီဥက္ကဌကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
စဉ်းစားချက် နှစ်မျိုးရှိနေပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပမယ့် ရွေးကောက်ပွဲ
ဖြစ်မလာရင် မတည်ငြိမ်တဲ့ဒေသကို
ချန်ပြီး သူတို့
ထိန်းချုပ်နိုင်တဲ့
နေရာတွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့
စဉ်းစားချက်ပါ။ ဒါကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ပြုလုပ်တဲ့
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ
ရွေးကောက်ပွဲအခင်းအကျင်းနှစ်ခု
ဒီလိုအခြေအနေနဲ့ဆက်သွားရင် ရွေးကောက်ပွဲဆိုတာ
ဖြစ်မလာနိုင်သလို ၊ဖြစ်အောင် လုပ်လို့ရတယ် ဆိုပေမယ့် တရားမျှတတဲ့
ရွေးကောက်ပွဲမဖြစ်နိုင်သလို စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဆိုတာလဲ
ဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိပါတယ်။
“သာမန်မဟုတ်တဲ့ အခြေအနေ”ဆိုတဲ့
အကြောင်းပြချက်နဲ့ စစ်ကောင်စီဟာ ၄င်းတို့ အဓမ္မ သိမ်းထားတဲ့ အာဏာကို ဆက်လက် ဆုတ်ကိုင်ထားဖို့ပဲ
ရှိတယ်လို့ သုံးသပ်နေကြပါတယ်။
(ပြီး)