- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၂
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ဇူလိုင် ၅ ရက်နေ့က အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရပြီး ၎င်းလူသတ်မှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့၌ ဆန္ဒပြမှုများပေါ် ပေါက်ခဲ့ပြီးနောက် မဏိပူပြည်နယ်အာဏာပိုင်များက အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။
၎င်းအမိန့်ကို အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် Tingnopal ခရိုင် ခရိုင်အုပ်ချူပ်ရေးမူးမှ အရေးပေါ် အမိန့်အဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အမိန့်ထဲတွင် အရေးကြီးကိစ္စမရှိပဲ အိန္ဒိယပြည်သူများ မြန်မာပြည်ဘက်ခြမ်းကိုသွားလာခြင်းမပြုရန်၊ သွားလာမည်ဆိုပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူပြီးမှသာသွားလာရမည်ဖြစ်ကြောင်း၊ မြန်ပြည်ဘက်မှလည်း ခွင့်ပြုချက် မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ ၎င်းအပြင် မိုးရေးမြို့ထဲတွင် လူစုလူဝေး ပြုလုပ်ခြင်း အုပ်စုလိုက်သွားလာခြင်း ဇူလိုင် ၆ နေ့မှ စ၍ အကန်သတ်မရှိ ခွင်ပြုတော့မည်မဟုတ်ကြောင်း ပါရှိသည်ဟု သိရသည်။
ယခု အမိန့်ထုတ်ပြန်မှုသည် အိန္ဒိယနိုင်ငံသား ၂ ဦး တမူးမြို့တွင် အသတ်ခံရမှု အပေါ် မကျေနပ်သည့် ပြည်သူ ၂ဝဝကျော်က ဇူလိုင် ၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မိုးရေးမြို့၌ ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့သည်။ ယင်းနောက်ယခုအမိန့်ကတ်သက်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဇူလိုင် ၅ရက်နေ့က အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေထိုင်သည့် အသက် ၂၈နှစ်အရွယ် ယာနာနှင့် အသက်၃၅နှစ် အရွယ် မိုဟန် တို့ စစ်ကိုင်းတိုင်း တမူးမြို့ ၊ စော်ဘွားရပ်ကွက်၊ အမှတ်(၄) ကျောင်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု People’s Defense Force (Tamu) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။