- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဩဂုတ် ၂၉/၂၀၂၂
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ မြန်မာနိုင်ငံမှပစ်လွှတ်သော ကျည်ဆန်များ ကျရောက်မှုကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောကြားခဲ့သည်။
“အများအားဖြင့်တော့ ဒီလိုအဖြစ်အပျက်တွေကို ဆန့်ကျင်ကန့်ကွက်တယ်။ ဒါဟာ သာမန်အရာပါ။ လွန်ခဲ့သည့်ရက်အနည်းငယ်က အလားတူဖြစ်ရပ်မျိုး မှတ်တမ်းများရရှိခဲ့သည်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ် တောင်ပြိုနယ်စပ် ခေါင်းတုံးတွင် မြန်မာဘက်က မော်တာကျည်နှစ်လုံး ကျရောက်ပြီးနောက် ၎င်းက သတင်းထောက်များကို ပြောဆိုသည်။
“အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဒီလိုမျိုး နောက်ထပ်ကျည်ဆံတွေ မကျရအောင် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ အနေနဲ့ ထပ်ပြီး တောင်းဆိုသွားမှာပါ” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းမပေါက်ကွဲသေးသည့် အမြောက်ကျည်ဆုံနှစ်လုံးသည် နယ်စပ်မှ ကီလိုမီတာဝက်ခန့်ရှိ ဗလီအနီးသို့ ကျရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် အမြောက်ကျည်များကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သူပုန်အဖွဲ့တို့အကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ပစ်ခတ်ခဲ့ကြောင်း ယုံကြည်နေကြသည်ဟုဆိုသည်။
၎င်းအမြောက်ကျည်ဆံကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် အသေအပျောက်မရှိသော်လည်း မြန်မာ နယ်စပ်ဘက်ခြမ်းမှ နှစ်ပတ်ကြာ သေနတ်သံများကြားနေရသဖြင့် ဒေသခံများကို စိုးရိမ် ထိတ်လန့်စေခဲ့သည်ဟုဆိုသည်။
Bangladesh to protest 'strongly' against shells fired from Myanmar